Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
Chapter 145;
ကုမြောင်၏လေ့ကျင့်မှုနှင့်ကုသမှုမစခင်ရက်အနည်းငယ်အချိန်ရှိသေး၏။ကုသမှုစတင်ပြီးနောက်၊ကုဖေးသည်နေ့တိုင်းသူမနှင့်အတူရှိနေ
ရမည်ဖြစ်ပြီး၊ကုဖေးအတွက်အားလပ်ရက်က
ဤရက်အနည်းငယ်အတွင်းစတင်မည်ဖြစ်သည်။"ငါတို့ရဲ့မွေးနေ့ကိုလည်း ဖြတ်သန်းသင့်တယ်
လို့ထင်တယ်။"
ကျန်ချန် ပြက္ခဒိန်ကို ကြည့်လိုက်တယ်။
"အားမြောင်ကုသမှုခံယူချိန်စတင်တဲ့အခါကျ အချိန်ရှိမှာမဟုတ်တော့ဘူး။""မင်းဘယ်လိုလုပ်ချင်လို့လဲ?။"
"မသိဘူး, ဒီနေ့ ငါတို့သုံးယောက်တည်းမွေးနေ့
ပါတီလုပ်ရအောင်လေ။လီယန်နဲ့တခြားသူတွေ ရောက်လာတဲ့အခါကျ ဖန်းကျိကို ဖုန်းဆက်ပြီးအတူတူထမင်းသွားစားရမလား?။"
ကျန်ချန် မေးလိုက်တယ်။
"ငါ့မှာ မွေးနေ့ပွဲကျင်းပတဲ့အတွေ့အကြုံသိပ်မရှိဘူး။""ငါ့မှာလည်း မရှိဘူး။"
ကုဖေးက ပြုံးသည်။
"မင်း ကြိုက်တာလုပ်လို့ရတယ်။သူတို့ရောက်
လာမှအတူတူထမင်းသွားစားရင်အခန်းအရင်
ယူစရာမလိုဘူး၊ဒီနေရာကသံမဏိစက်ရုံထက်
ပိုကောင်းတာမဟုတ်ဘူး။ငါ့အထင်စီးပွားရေးကောင်းကောင်းမဖြစ်သလိုပဲ။""ကောင်းပြီ။ သီးသန့်ခန်းသုံးနိုင်တဲ့ အဖွဲ့လိုက်
ဝယ်ယူမှုကို ရှာကြည့်လိုက်မယ်။"
ကျန်ချန်သည်ဖုန်းထဲတွင်ခဏရှာဖွေပြီးနောက်
ကုဖေးကိုကြည့်ရန် ခေါင်းမော့လိုက်တယ်။
"မင်း ငါ့အတွက် လက်ဆောင်ပြင်ပြီးပြီလား?။""မပြင်ရသေးဘူး။ငါဒီရက်ပိုင်း အလုပ်ရှုပ်နေလို့
အဲဒါကို မစဉ်းစားမိဘူး။""တကယ်?။"
ကျန်ချန် သူ့ကိုကြည့်လိုက်တယ်။"...တကယ်။"
ကုဖေးက သူ့ဘေးမှာ ထိုင်ချလိုက်သည်။
"မင်း စိတ်မဆိုးဘူးမလား?။""စိတ်မဆိုးပါဘူး။ဒေါသထွက်စရာဘာမှမရှိဘူး။"
ကျန်ချန် ချဲ့ကားတဲ့လေသံဖြင့် သက်ပြင်းချလိုက်တယ်။
"ကြာပါပြီ၊ ငါတို့ထပ်ပြီးအလိုလိုက်စရာ မလို
တော့ဘူး၊ ငါတို့ရဲ့ မျက်နှာဝါ *ကြီးတဲ့ လူ..."
YOU ARE READING
ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}
Teen FictionType : Web Novel Title :SAYE (Run Freely) Author : WuZhe Chapter - 145+ 5 extras Status -Completed Main Lead -Jiang Cheng(ကျန်ချန်) Main Lead -Gu Fei (ကုဖေး) Genre > Drama Romance school life A slice of life^^