Part 110(unicode)

2.9K 582 66
                                    

Chapter 110;ပြန်လှည့်, ကြည့်လှည့်။

နေ့လည်စာ,စားပြီးနောက် သူတို့နှစ်ယောက် ကအစာချေအောင်လမ်းလျှောက်တဲ့အနေနဲ့
ကျောင်းဝင်းအပြင်ဘက်တွင် အချိန်အတော်ကြာလျှောက်လည်ဖြစ်ခဲ့ကြသည်။ကုဖေးက ကျန်ချန်ကိုပတ်ဝန်းကျင်နှင့်အကျွမ်းတဝင်ရှိအောင်လုပ်သင့်သည်ဟူ၍ ပြောပေမဲ့လည်း၊ ကျန်ချန်ကမူ လိုအပ်သည်ဟု မထင်ပေ။

သူ့လက်ရှိစိတ်အခြေအနေအရ,အနီးနားပတ်ဝန်းကျင်ကို သွားလေ့လာစူးစမ်းဖို့ မဆိုထား
နှင့်ကျောင်းဝင်းအတွင်း၌ လမ်းလျှောက်ရန်ပင် စိတ်မဝင်စားဘူးဖြစ်သည်။မျှော်မှန်းမရနိုင်သည့်အနာဂတ်အတွက်သူ့ရဲ့နေ့စဥ်အချိန်
ဇယားကို စိတ်ကူးကြည့်ပြီးပြီ။

အတန်းသွားမယ်, စားမယ်, အိပ်မယ်။

ကုဖေးအကြောင်းစဉ်းစားမယ်။

မနက်မိုးလင်းလာချိန် သူတို့မျက်လုံးများကိုဖွင့်ပြီးလျှင်ဖွင့်ပြီးချင်း, တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်၊ထိတွေ့ခွင့်မရဘဲ တစ်ဖက်လူကိုစိတ်အာရုံထဲတွင်မြင်ယောင်၍ နေ့ရောညရော အတူတူဖြတ်သန်းနေကြရလိမ့်မည်။

သူတို့ကြားရှိ အကွာအဝေးသည် တစ်နာရီမျှသာကြာသော ရထားစီးခြင်းထက် များစွာပိုမည်ဖြစ်ပြီး၊ ယခုမှစ၍ အောက်တိုဘာလ ၁ ရက်နေ့ထိဆိုလျှင် ရက်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်မည်ဖြစ်သည်။

လမ်းလျှောက်ပြီးနောက် သူတို့နှစ်ဦးသည်ဟိုတယ်သို့လမ်းလျှောက်၍ပြန်လာကြ၏။အပြန်လမ်းတွင်ကျန်ချန်တစ်ယောက်လမ်း
အချိုးအကွေ့ စုစုပေါင်း အမှားသုံးကြိမ်ပြု
လုပ်ခဲ့သည်။

"မင်း မလိုအပ်ဘဲကျောင်းဝင်းထဲကမထွက်ဖို့ကြိုးစားရင်အကောင်းဆုံးလို့ထင်တယ်။"
ကုဖေးကကုတင်ပေါ်တွင်လဲလျောင်း၍ ဖုန်းပွတ်နေရင်း ပြောလာသည်။
"မဟုတ်ရင်မင်းလမ်းပျောက်နိုင်ချေရှိတယ်"

"အပြန်လမ်းအတွက် တစ်ယောက်ယောက်ကို မေးလိုက်လို့ရတယ်မဟုတ်လား။"
ကုဖေးဘေးနားမှာကျန်ချန်ဝင်လှဲလိုက်တယ်။ "ပြီးတော့,ငါ အပြင်ထွက်ဖို့စိတ်ကူးမရှိဘူး။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now