Part 112(unicode)

2.7K 581 68
                                    

Note; MTLကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter 112;

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးချိန်မှစ၍ ,ကျန်ချန်စာအုပ်မဖတ်ဖြစ်တာဖြစ်၏။လမ်းညွှန်ကိုသူတစ်ချက်ကြည့်လိုက်တယ်။စာကြည့်တိုက်
ထဲမှာဘာဖတ်ရမှန်းသူမသိချေ။ပတ်ဝန်းကျင်နှင့်ရင်းနှီးအောင် အရင်လျှောက်ပတ်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

စာကြည့်တိုက်ကဲ့သို့နေရာမျိုးပင် အလွန်အနုပညာဉာဏ်ကွန့်မြူးနေလျှက်ရှိ၏။

စာကြည့်တိုက်ထဲဝင်လာသည့်အခါ ကျန်ချန်အနည်းငယ်မှင်သက်သွားတယ်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီသည့်နောက်ပိုင်း သူအရမ်းလွတ်လပ်ပေါ့ပါးနေခဲ့တာဖြစ်ပြီး၊ယခုတွင်မူစိတ်တင်းကျပ်သွား၏။။

စာကြည့်တိုက်သည်ကျယ်ဝန်းပြီးသေသပ်လှ
ပသည်။မူလတန်းကျောင်းများတွင်ရေးလေ့ရှိတဲ့ဖော်ပြချက်များအရဆို,ပြတင်းပေါက်များ
ကသန့်ရှင်း၏။စားပွဲနှင့်ထိုင်ခုံများကကောင်း
မွန်ပြီး,သူ ထိုင်နေရသည့် ထိုင်ခုံအခင်းလည်း
အရမ်းသက်တောင့်သက်သာဖြစ်သည်။

စာကြည့်တိုက်ထဲတွင်စာအုပ်ဖတ်နေသောလူများသည် အရမ်းတိတ်ဆိတ်နေပြီး၊ တချို့က ဖုန်းအသံပိတ်၍သုံးနေကြ၏။ သူတို့ ဝင်သွားချိန်တွင် စာကြည့်တိုက်မှ လူများသည် အသံတိတ်ဖြင့်ခေါင်းလှည့်ကြည့်လာကြသည်။

ခေါင်းဖျားထိမမြင်နိုင်အောင်သပ်သပ်ရပ်ရပ်စီထားသောစာအုပ်စင်ပေါ်ရှိစာအုပ်တန်းများကြောင့် ကျန်ချန် စိတ်ကသိကအောက်ဖြစ်ရမည့်အစား ဖိအားအနည်းငယ်ခံစားလာရ၏။

သူလိုချင်သည့်ပန်းတိုင်သို့ရောက်အောင်နေ့ရောညပါ တစ်နှစ်ခွဲကျော် အလုပ်ကြိုးစားခဲ့ပေမယ့်၊၎င်းသည်ပထမခြေလှမ်းသာဖြစ်ပြီး အတိအကျပြောရလျှင်ခြေတစ်လှမ်းလို့ပင်
သတ်မှတ်၍မရသေးချေ။

ကျောက်ခယ်ကစာအုပ်ငှားသည့်လုပ်ငန်းစဉ်နှင့်ရင်းနှီးနေပြီးစာအုပ်အနည်းငယ်ငှားယမ်းလာ၏။
"သွားရအောင်,ကော်ဖီသောက်ပြီးရင်ညစာသွားစားမယ်။"

"ဘာစာအုပ်လဲ။"
ကျန်ချန်အသံတိုးတိုးဖြင့်မေးလိုက်တယ်။သူစာအုပ်တစ်အုပ်ငှားချင်ပေမဲ့၊ ဘယ်မှာငှားရမှန်းမသိသလို ဘာမျှလည်းမသိသေးဘူး။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now