Part 143 (unicode)

2K 402 53
                                    

Note; MTLကိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Chapter; 143

ဤသည်မှာကျန်ချန်၏အမွှေးအတောင်စုံလင်သောပထမဆုံးအကြိမ်ဖြစ်ပြီး တစ်ညလုံးတစ်စက္ကန့်လေးတောင်မျက်လုံးမှိတ်ခြင်းမရှိပေ။

ကုဖေးနှင့်အတူကြယ်ရောင်စုံနေသော ကောင်းကင်
အားဓါတ်ပုံရိုက်ရန်၊မှောင်မိုက်နေသောညလယ်တွင်အလင်းကိုနောက်ခံပြုလျက်တွေ့မြင်ရတဲ့ အရာတို့
၏ပုံရိပ်မည်းမည်းများအားဓာတ်ပုံရိုက်ဖို့်အဖော်ပြုပေးနေခဲ့သည်။ထို့နောက် မြက်ခင်းကုန်းလျှောထက်တွင်လှဲလျောင်းကာကြယ်များကိုအတူတူကြည့်ခဲ့ကြသည်။သန်းခေါင်ယံအချိန်တွင်အလွန်အေးလာသောကြောင့် နှစ်ယောက်သားရွက်ဖျင်တဲသို့ပြန်သွား၍လူတစ်ကိုယ်ဝင်အိပ်ရန်ဆန့်သောအိတ်ကိုဝတ်လျက် ခေါင်းကိုအပြင်ထုတ်ကာလှဲလျောင်း၍

ကြယ်များကိုကြည့်ခဲ့ပြီး၊ လကိုလည်းကြည့်ခဲ့၏။

ကောင်းကင်ကြီးထိန်းလင်းလာသည်အထိ...

ကုဖေးကကင်မရာစက်ပစ္စည်းများကိုသယ်ပြီး
တပ်ဆင်ရန်ကုန်းစောင်းထိပ်သို့တက်သွားသည်။

ကျန်ချန် သူ့နောက်မှလိုက်လာခဲ့လိုက်တယ်။
"ဓာတ်ပုံရိုက်မလို့လား!။"

"ဟုတ်တယ်။"
ကုဖေးသည် ခါးညွှတ်ကာ ကင်မရာရိုက်ကွင်း
ရိုက်ကွက်ပြကိရိယာကိုကြည့်ရင်းပြန်ဖြေ၏။
"မင်းကြည့်ဖို့အတွက် ကြက်ဥအနှစ်ကြီးရိုက်မလို့။"

"ပြီးရင်ငါ့ကိုဓာတ်ပုံနည်းနည်းရိုက်ပေး။"

"ကောင်းပြီ။"
ကုဖေးက ဆက်ပြောလာသည်။
"တစ်ဖက်ကကုန်းစောင်းပေါ် ခုန်ပေါက်နေလို့်
ရတယ်။ဒါဆို နေလုံးကိုမင်းရဲ့ကျောနောက်ခံ
အဖြစ် ကြည့်လို့ရတယ်။"

ကျန်ချန်မေးလိုက်တယ်။
"ဘယ်လိုခုန်ရမှာလဲ?"

ကုဖေးက ပြုံးလိုက်သည်။
"ခြေထောက်နှစ်ချောင်းလုံးကို မြေကြီးနဲ့လွတ်
အောင်ခုန်လိုက်၊မြင့်မြင့်ရောက်လေ ပိုကောင်းလေ။"

"ကောင်းပြီ။"
ကျန်ချန် လက်နှစ်ဖက်ကို ပွတ်သပ်ပြီးအင်္ကျီ
ပေါ်ရှိခေါင်းစွပ်ကြယ်သီးကိုတပ်လိုက်တယ်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း] {Completed}Where stories live. Discover now