12

7.9K 1.1K 1
                                    

ငါ့ကို စိတ်မပျက်ပါစေနဲ့
..............................

ဒုတိယဦးလေး ထွက်သွားပြီးနောက် လင်းကျန် ဘေးမှလူများကို အကဲဖြတ်လိုက်သည်။

ထောင်ဖန်းမှ လင်းကျန်၏ဒုတိယဦးလေးအား ဖြေကြားခဲ့ပုံသည် အတော်စိတ်ဝင်စားဖွယ်ကောင်း၏။ တကယ်တမ်းတွင် သူတို့လူတစ်သီတစ်တန်းကြီးက လမ်းမြောက်များစွာကို ကျော်ဖြတ်ခဲ့ရာ လူများစွာထံမှ အာရုံစိုက်ခံရသည်။ ထောင်ဖန်း၏စကားများအရ ကျားယွမ်လင်းက ကျားယင်၏ကိုယ်လုပ်တော်နှင့် မှောက်မှားခဲ့သည့်သတင်းမှာ တိုက်ရိုက်ပျံ့သွားသည်။ ထိုသတင်းက မကြာခင်တွင် ထန်းယန်တစ်နယ်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်။

လင်းကျန်က ထောင်ဖန်းနားသို့ ကပ်လျှောက်ကာ ကြည့်လိုက်သည်။ "အရာရှိကြီး၊ ပုံမှန်ဆိုရင် ဒီလိုအမှုမျိုးကို လူသိရှင်ကြား ရုံးထုတ်ရမှာမဟုတ်လား။" လင်းကျန်က မေးသည်။

ထောင်ဖန်းက သူ့အား ပညာသားပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူလင်းကျန်အားကြည့်ပုံမှာ ပို၍ကွာခြားလာပြီး လေးနက်သော အဓိပ္ပါယ်များပါလာသည်။ "ဟုတ်တယ်၊ ဒါမှ အဲ့လိုမလုပ်ဖို့ လူတွေကို သတိပေးနိုင်မှာ။"

ထောင်ဖန်းက သူနှင့်သဘောတူလိုက်သည်ကို တွေ့သောအခါ သူဘာဆိုလိုချင်သည်ကို ထောင်ဖန်း သဘောပေါက်ထားကြောင်း လင်းကျန်သိလိုက်သည်။

ယနေ့တွင် ကျားယွမ်လင်းအား ကျန်ချောင်း လာမကယ်ခင် ဘက်ပေါင်းစုံမှ ၎င်းသိက္ခာစောင့်ထိန်းရန် သူတို့ကောင်းကောင်းပြင်ဆင်ထားရမည်။ လူအများ၏စောင့်ကြည့်မှုအောက်တွင် သူတို့ထပ်လုပ်ဆောင်ချင်သည်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်လိမ့်မည်။

သူတို့နှစ်ယောက်က ထိုအကြောင်းကို ကောင်းစွာသိသည်။ ထို့ကြောင့် လင်းကျန်က အသေးစိတ်မရှင်းလင်းခဲ့ခြင်းပင်။

တစ်ချိန်ထဲမှာပင် ထောင်ရိက သူ့အားကြည့်နေသည်ကို လင်းကျန် သတိထားမိသော်လည်း ပြန်မကြည့်ပေ။ သူက ဘေးမှလူများ၏ တီးတိုးပြောသံကိုသာ အာရုံစိုက်နေသည်။

"ငါ တကယ်ကို အဲ့အကြောင်း စဉ်းစားလို့မရဘူး။ သခင်လေးကျားက သူ့အဖေရဲ့ ကိုယ်လုပ်တော်နဲ့ မှောက်မှားရဲတယ်လား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now