55

6.5K 1.1K 21
                                    

ကိုယ်မင်းကို ကိုက်မစားပါဘူး။
......................................

ယွီဝမ်ထုန်၏မျက်နှာပေါ်မှ အေးစက်စက်နိုင်သောအကြည့်အား မြင်သောအခါ လင်းကျန်ရေငုံနှုတ်ပိတ်နေမိသည်။

ဘယ်သူ့ကိုမှ လိမ်စရာမလိုဘူးလား။

"သွားရအောင်။ ကိုယ့်ကို ဆေးစိုက်ခင်းအနီးတစ်ဝိုက် လိုက်ပြပေးဦး။" ယွီဝမ်ထုန်က စေ့စပ်ထားမှုအကြောင်းကို ထပ်မပြောချင်တော့ပေ။

ဆေးစိုက်ခင်းအကြောင်းကြားသောအခါ ထိုနေရာ၌ကျန်ခဲ့သော လင်းမောက်မောက်အကြောင်း လင်းကျန်ချက်ချင်းတွေးမိသွားသည်။ ထို့ကြောင့် သူတို့၏စေ့စပ်ထားမှုကိစ္စအား ခေတ္တမေ့ထားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့တွင် အခြားသံသယတစ်ခုပေါ်လာသည်။ "စစ်သူကြီးက ဘာလို့ ဒီကိုရောက်လာတာပါလဲ။"

ယွီဝမ်ထုန်က လင်းကျန်အား ကျောပေးထားရင်းပြောသည်။ "ကိုယ် အပြင်ထွက်နေတုန်း မင်းသတင်းပို့ခိုင်းလိုက်တဲ့လူနဲ့တွေ့တာ။"

'ဒီတော့ သူသတင်းရရချင်း ငါ့ကိုကူဖို့ မြန်မြန်ထွက်လာတာပေါ့။' လင်းကျန်က ယွီဝမ်ထုန်၏ နောက်ကျောကိုကြည့်ကာ အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။

"မင်း အဲ့မှာပဲ ဘာလို့ရပ်နေတာလဲ။" ယွီဝမ်ထုန်က လင်းကျန်ဘက်သို့ ပြန်လှည့်လာသည်။

လင်းကျန်က ယွီဝမ်ထုန်ထံ အမှီလိုက်ကာ သူ့မြင်းကိုကြည့်လိုက်သည်။ "မြင်းတစ်ကောင်ပဲလား။"

ယွီဝမ်ထုန်က လည်ချောင်းသံပြုကာ မြင်းပေါ်သို့တက်လိုက်ပြီး လင်းကျန်ထံ လက်ကမ်းပေးသည်။ "လာ"

လင်းကျန် မှင်တက်သွားပြီး အလိုအလျောက် ငြင်းဆန်လိုမိသည်။

သို့သော် ယွီဝမ်ထုန်က သူ့အားတည်ငြိမ်သော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို သူမြင်နေရသည်။

လင်းကျန် လက်သီးဆုပ်မိသည်။ တုန့်တုန့်ဆိုင်းဆိုင်းနှင့် ဆုံးဖြတ်ချက်မပြတ်သားခြင်းမှာ သူ့ပုံစံမဟုတ်ပေ။ ဘုရားရေ၊ သူနဲ့ယွီဝမ်ထုန်တို့ မြင်းတစ်ကောင်တည်းပေါ်မှာ စီးရတော့မှာလား။ သူက ယွီဝမ်ထုန်အား ကြောက်နေခြင်းတော့ မဟုတ်ပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now