108

4.1K 703 15
                                    

တန်ဖိုးမဖြတ်နိုင်သော
............................

"ဒီလို ထွင်ဉာဏ်ကောင်းတဲ့အစီအရင်မျိုးကို ကျွန်တော် အရင်က တစ်ခါမှ မမြင်ဖူးဘူး။" အစောင့်က စိတ်လှုပ်ရှားစွာ  မှတ်ချက်ချသည်။

ယွီဝမ်ထုန်၏အစောင့်က ထောင်ချောက်ဆင်သတ်ဖြတ်သည့်အစီအရင်အပေါ် အလွန်စိတ်ဝင်စားနေပုံပေါက်သည်ကို လင်းကျန်မြင်သောအခါ သူဖွက်ထားသော စာစောင်များကို ရုတ်တရက်သတိရမိသည်။

ယွီဝမ်ထုန်၏ မှတ်ဉာဏ်ကောင်းနှင့် ထူးချွန်သော သဘောပေါက်နားလည်နိုင်မှုအရ အစီအရင်များ၏လျှို့ဝှက်ချက်ကို အသုံးချနိုင်လိမ့်မည်ဟု လင်းကျန်ယုံကြည်သည်။

သူ၏ယခင်ဘဝရှိ စေ့စပ်ပွဲဖျက်သိမ်းမှုအတွက် ယွီဝမ်ထုန်တွင် တာဝန်မရှိကြောင်း သူအတည်ပြုပြီးပြီဖြစ်ရာ သူ့အရှေ့မှ ယွီဝမ်ထုန်မှာ ယုံကြည်ရသူဖြစ်ကြောင်း သူလက်ခံသည်။

"မင်း ဘာတွေးနေတာလဲ။" ယွီဝမ်ထုန်က လင်းကျန်၏မျက်နှာပေါ်မှ ငေးတိငေးမောအကြည့်ကို တွေ့ကာ မေးလိုက်သည်။

"ကျွန်တော့်မှာ ခင်ဗျားကို ပြစရာရှိတယ်။" လင်းကျန်က တွေဝေနေရာမှ သတိပြန်ဝင်လာသည်။ "ပြန်ရအောင်။"

ယွီဝမ်ထုန်က လင်းကျန် ပြမည့်အရာကို အနည်းငယ်စိတ်ဝင်စားသဖြင့် သူ့ခြံသို့အတူလိုက်သွားသည်။

လင်းကျန်က သူ့ဝှက်ထားသောစာစောင်များကို ထုတ်လာကာ ယွီဝမ်ထုန့်ထံ ကမ်းပေးလိုက်သည်။ "ကျွန်တော့်မှာ ဒီအစီအရင်တွေကို အသုံးချရမဲ့အခွင့်အရေးက တအားနည်းတယ်။ ခင်ဗျားက အစီအရင်ကျွမ်းကျင်တဲ့လူဆိုတော့ တိုက်ပွဲအတွင်းမှာ အဲ့ဒါတွေက ခင်ဗျားအတွက် အထောက်အကူဖြစ်လိမ့်မယ် ထင်တယ်။"

အံ့ဩသွားသည့် ယွီဝမ်ထုန်က စာစောင်ကိုယူကာ ဖြန့်၍ စဖတ်တော့သည်။

ဆယ့်နှစ်ယောက်ထောင်ချောက်ဆင်သတ်ဖြတ်ခြင်းအား တီထွင်ထားပုံက ကောင်းမွန်သည်။ သို့သော် ဤစာစောင်ထဲမှ အစီအရင်များမှာ ပို၍ထွင်ဉာဏ်ကောင်းကာ စွမ်းအားကြီးသည်။

ထို့အပြင် ဤအစီအရင်များမှာ ယွီဝမ်ထုန် ယခင်ကလုံးဝမမြင်ဖူးသော အရာများ ဖြစ်သည်။ ၎င်းတို့အား တိုက်ပွဲအတွင်း စီစဉ်အသုံးချရန် သင့်တော်သည်။ ယခင်မင်းဆက်ကတည်းကပင် ယွီဝမ်မိသားစုက ထင်ပေါ်ကျော်စောသောစစ်ရေးဩဇာရှိသူမိသားစုတစ်ခုအဖြစ် ကျော်ကြားသည်။ ယွီဝမ်ထုန်က ထိုသို့သမိုင်းရှည်ကြာကြွယ်ဝသော မိသားစုထဲ၌ ကြီးပြင်းလာရသော်လည်း ဤအစီအရင်များမှာ သူနှင့်စိမ်းသက်နေဆဲပင်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now