35

6.1K 1K 5
                                    

အကူအညီ
.............

"မင်းတို့ရဲ့ အဖိုးတန်ပစ္စည်းတွေကို အခုပဲ လွှဲပေးလိုက်တော့၊ မဟုတ်ရင်..." ဓားပြများ၏ခေါင်းဆောင်က အစောင့်ဝမ်အားဓားဖြင့်ရွယ်၍ ရက်စက်ကြမ်းကြုတ်စွာပြုံးကာ ခြိမ်းခြောက်သည်။

"ဒီရထားလုံးနဲ့မြင်းတွေလည်းပါတယ်။" ဓားပြများမှာ အလွန်လောဘကြီးရာ ရထားလုံးနှင့်မြင်းများကိုပင် လွှတ်ပေးရန် အစီအစဉ် မရှိပေ။

အစောင့်ဝမ်နှင့်အခြားအစောင့်များ၏ မျက်နှာထားကခက်ထန်နေကြသော်လည်း သူတို့၏အကြည့်များထဲတွင် ကြောက်စိတ်မရှိချေ။ ထန်းယန်၏ပတ်ဝန်းကျင်၌ ဓားပြများသောင်းကျန်းနေသဖြင့် သူတို့က ဓားပြတိုက်သည့်ဖြစ်စဉ်များစွာကို မြင်ဖူးသည်။ သို့သော် သူတို့မမျှော်လင့်ထားသည်မှာ ဓားပြများက မြို့တော်နှင့်နီးရာလမ်းမပေါ်တွင် ပေါ်တင်ဓားပြတိုက်ရဲခြင်းပင်။ ပို၍အရေးကြီးသည်မှာ ၎င်းတို့က အင်အားသာနေသည်။

ယခုနေရာသည် လျန်တန်မြို့နှင့်မဝေးပေ။ ထို့ကြောင့် ဤဓားပြများအား ရထားလှည်းနှင့်မြင်းများပေးလိုက်လျှင်ပင် သူတို့လျန်ထန်မြို့သို့ရောက်ရန် အချိန်သိပ်မကြာလောက်ပေ။ သို့သော် ဤဓားပြများကိုချွေးသိပ်ရန် အလွန်ရိုးရှင်းမည်လား။

"အိမ်တော်ထိန်းကြီး၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။" စတုန်းမှာ အလွန်ထိတ်လန့်နေသဖြင့် လက်ဖဝါးများတွင်ပင် ချွေးထွက်နေသည်။ သူကအသက်ပင်မရှူရဲချေ။

အိမ်တော်ထိန်းက မျက်နှာမည်းနေသည်။ သူက စာအိတ်ကို အိတ်အကြီးထဲမှထုတ်ကာ ကော်လံမှတစ်ဆင့် အင်ကျီရင်ဘတ်ထဲထည့်လိုက်သည်။ ထို့နောက် အိတ်ကိုပြန်လည်ထုပ်ပိုးကာ ပုခုံးပေါ်၌ ထမ်းထားလိုက်သည်။ "ငါတို့ရဲ့အသက်အတွက် ပြေးရမယ်။ မင်းလည်း မင်းရဲ့အိတ်ကို ပုခုံးပေါ်ထမ်းထားလိုက်။"

"မင်းတို့တွေက ဘာကိုစောင့်နေတာလဲ။ မင်းတို့က ငါ့ဓားကြီးရဲ့စွမ်းအားကိုစမ်းသပ်ချင်နေတာလား။ ရထားလုံးလိုက်ကာကို အရင်ဆုံး မတင်လိုက်။ ရထားလုံးထဲမှ ဘယ်သူထိုင်နေလဲဆိုတာ ငါကြည့်ဦးမယ်။" အပြင်ဘက်မှ ဓားပြက စိတ်မရှည်စွာအော်လိုက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now