70

5.8K 991 17
                                    

မင်းက မပွင့်လင်းဘူး။
...........................

"မင်း စေ့စပ်ထားတာကို ဘာကြောင့် ဖျက်သိမ်းချင်နေရသလဲဆိုတာ ကိုယ်တို့ဆွေးနွေးလို့ရတယ်လေ။" ယွီဝမ်ထုန်က အကြံပေးသည်။

လင်းကျန်က ပြော၏။ "အကြောင်းပြချက်မရှိဘူး။ ကျွန်တော်တို့က မလိုက်ဖက်ရုံပဲ။"

ယွီဝမ်ထုန်ကခေါင်းခါသည်။ "မဟုတ်ဘူး။ ကိုယ်တို့က လိုက်ဖက်တယ်လို့ ကိုယ်ထင်တယ်။"

သူ၏ စိတ်တိုစရာကောင်းမှုကြောင့် လင်းကျန်ရယ်မောလုနီးနီးပင်။ ထို့နောက် သူ့အကြည့်များအေးစက်သွားသည်။ "ခင်ဗျားက အတည်လား။ ကျွန်တော့်ကို စိတ်ရင်းနဲ့ဖြေ။"

"ဒါပေါ့။ ကိုယ်လိမ်ပြောစရာမလိုဘူးလို့ ထင်တယ်။" ယွိဝမ်ထုန်က လေးနက်စွာစိုက်ကြည့်သည်။

လင်းကျန်က တံခါးပိတ်ရန် လက်ဆန့်ကာပြောသည်။ "ကျွန်တော်အိပ်တော့မယ်။ ခင်ဗျားပြန်သွားတာ ကောင်းမယ်။"

ယွီဝမ်ထုန်က တံခါးကို လက်ဖြင့်ကိုင်ထားကာမေးသည်။ "ပြဿနာကို ရှောင်လို့မရဘူးဆိုတာ မင်းကိုဘယ်သူမှမပြောဖူးဘူးလား။"

"ခင်ဗျားကျွန်တော့်ကိုပြောတာက အမှန်ဆိုတာ သေချာလား။" လင်းကျန်က ဒေါသတကြီးပြောသည်။

"ဒါဆို ဒီအကြောင်းနဲ့ပက်သက်ပြီး မင်းတွေဝေနေတာပေါ့။ ကိုယ်လိမ်နေတယ်လို့ မင်းထင်လား။" ယွီဝမ်ထုန်က အနည်းငယ် စိတ်တိုနေသည်။ "မင်းကို ဘာကများ အထင်လွဲစေတာလဲကွာ။"

"ဟင့်အင်း။ ကျွန်တော်က ဒီအတိုင်းမေးလိုက်တာ။" လင်းကျန်က လက်ရှိတွင် တည်ငြိမ်မှုပျက်ပြားနေသည်။ သူ မမေးလိုက်သင့်ပေ။ သို့သော် သူမထိန်းချုပ်နိုင်ပေ။ ယွီဝမ်ထုန်က သူ့ကိုတစ်ချိန်လုံး ဖိအားပေးနေသည်။ သို့သော် ယွိဝမ်ထုန်က သူ့အား လက်ထပ်ချင်သလား၊ လက်မထပ်ချင်ဘူးလား ဆိုသည်ကို သူမပြောနိုင်ပေ။

ယခင်ဘဝတွင် ယွီဝမ်မိသားစုက သူ့ကိုထိုသို့ဆက်ဆံခဲ့သည်။ သို့သော် လက်ရှိတွင် ယွီဝမ်ထုန်က သူနှင့်စောစောတွေ့ကာ မည်သူကမှလည်း သူ့အကြောင်း သွားပုပ်လေလွင့် မပြောသောကြောင့် သဘောထားပြောင်းလဲသွားသည်။ သူတို့နှစ်ယောက်က လိုက်ဖက်သည်ဟုပင် ယွီဝမ်ထုန်က ပြောနေသေးသည်။ ထိုကဲ့သို့သောလူကို လင်းကျန်က မည်သို့ယုံကြည်နိုင်မည်နည်း။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now