59

6.4K 1K 16
                                    

ကိုယ့်ကို အစ်ကိုလို့ခေါ်
.............................

လင်းကျန်က ရထားလုံးပေါ်မှ မဆင်းခင်မှာပင် ယွီဝမ်ထုန်ထံမှ အတားခံလိုက်ရသည်။ လူအုပ်အားကြည့်လိုက်သောအခါ သူတို့က သူနှင့်ယွီဝမ်ထုန်အား ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြသည်။ ထို့ကြောင့် သူ့ဒေါသကိုအောင့်အည်းကာ ယွီဝမ်ထုန်အားပြောလိုက်သည်။ "ရထားပေါ်ကနေ ကျွန်တော့်ဘာသာကျွန်တော် ဆင်းနိုင်တယ်။"

ယွီဝမ်ထုန်က လက်ကိုနောက်ပစ်ထားပြီး ရပ်ကြည့်နေသည်။

လင်းကျန် "..."

သူရထားလုံးပေါ်မှ ခုန်ချရန် အဆင်သင့်ဖြစ်နေစဉ်တွင် ဒူးခေါင်းကို ဘာမှန်းမသိရသည့်အရာတစ်ခုက လာတိုက်သဖြင့် သူ့ခြေထောက်ယိုင်သွားသည်။

ထို့နောက် သူလဲမကျသွားခင် ချက်ချင်းအချီခံရပြီး ရထားလုံးပေါ်မှ အသယ်ခံလာရသည်။။

ပတ်ဝမ်းကျင်မှလူများ၏ ပင့်သက်ရှိုက်သံအား ကြားလိုက်ရကြောင်း လင်းကျန်ကျိန်ဆိုရဲသည်။

"ခင်ဗျား" သူ့အား ဘာလာတိုက်သည်ကို လင်းကျန်မသိသော်လည်ယ ၎င်းမှာယွီဝမ်ထုန်၏ လှည့်ကွက်ဖြစ်ကြောင်း သူ့ပင်ကိုအသိစိတ်ကပြောနေသည်။

သို့သော် ယွီဝမ်ထုန်က သူ့အားမေးခွန်းထုတ်လိုသောအကြည့်ဖြင့် ကြည့်နေသည်။ "ဘာလို့လဲ။ မင်းလဲကျတော့မှာကို ကိုယ်တွေ့လို့ ကူပေးလိုက်တာလေ။ မင်းဘာလို့ တအားဒေါသထွက်နေတာလဲ။"

သူက ဟန်ဆောင်မှုအရှင်သခင်ကြီးပင်။ လင်းကျန်မှာ ဒေါသထွက်နေသော်လည်း သက်သေမရှိပေ။ သူက အံကြိတ်ကာပြောသည်။ "ကျွန်တော့်ကိုလွှတ်။"

ယွီဝမ်ထုန်က သူ့ကိုလိုလိုလားလား ချပေးလိုက်သည်။

"ကျန်အာ၊ အရာရှိကြီးကို မရိုင်းနဲ့လေ။" လင်းရှင်းကျုံက အပြစ်ဆိုသည်။

"ရပါတယ်။ သူက စနေတာပါ။ အတည်ကြီး သဘောမထားပါနဲ့။" ယွီဝမ်ထုန်က လင်းကျန်ဘက်မှ ရှင်းပြလိုက်သည်။

သို့သော် လင်းကျန်က သူ့ကြင်နာမှုကို မလိုချင်သဖြင့် လင်းရှင်းကျုံအား ပြောလိုက်သည်။ "အဖိုး၊ ကျွန်တော် ခရီးပန်းနေပြီ။ အဝတ်အရင်သွားလဲလိုက်ဦးမယ်။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now