စစ်သူကြီးက တကယ်ဂရုမစိုက်ဘူးလား။
..................................................မြို့တံခါးပေါက်အနီးမှအဖြစ်အပျက်က လေပွေကဲ့သို့ပင် မကြာခင်တွင် မြို့တော်တစ်ခုလုံးအနှံ့ သတင်းပျံ့သွားသည်။ လှည်းတန်းရှည်ကြီးက ယွီဝမ်မိသားစုစံအိမ်သို့ပင် မရောက်သေးသော်လည်း ယွီဝမ်မိသားစုမှလူအားလုံးက ထိုအကြောင်းကို ကြားပြီးပြီပင်။
ယွီဝမ်ကျီ၏မျက်နှာက ကြောက်မက်ဖွယ်ရာ သုန်မှုန်နေသည်။ သတင်းလာပို့သောအစေခံမှာ ထိတ်လန့်လွန်းသဖြင့် အသက်ရှုအောင့်ထားမိသည်။
ကျန့်ရှီက မျက်မှောင်ကြုတ်ကာ လက်ကိုင်ပုဝါကို စိုးရိမ်ပူပန်စွာ လိမ်ကျစ်နေသည်။ "သခင်ကြီး၊ အဲ့ဒီလင်းကျန်ဆိုတဲ့ကောင်လေးက သိပ်မောက်မာပြီး ဗိုလ်ကျတယ်။ ကျွန်မတို့သာ သူ့ကိုဒီမိသားစုထဲ လက်ထပ်ဝင်ခွင့်ပြုလိုက်ရင် သူက ကျွန်မတို့ရဲ့မိသားစုကို ယိမ်းယိုင်အောင်လုပ်မှာ သေချာပေါက်ပဲ။"
ယွီဝမ်ချီက စိတ်ဆိုးမာန်ဆိုးပြောသည်။ "သူက တကယ်ကိုကြမ်းတမ်းတဲ့ ပြဿနာကောင်လေ။ သူက ဘယ်လိုလုပ် ဒီခရီးမှာ အသက်ရှင်နေသေးတာလဲ။"
"ငါပြောဦးမယ်။ သူက အခုဆို မြို့တော်ကိုရောက်နေပြီ။ ဒီလို ပြည့်တန်ဆာကောင်နဲ့ နေ့တိုင်း မျက်နှာချင်းဆိုင်ရမယ်ဆိုတာကို စဉ်းစားမိရုံနဲ့တင် ဖျားချင်လာပြီ။" ကျန့်ရှီက စက်ဆုပ်ရွံရှာစွာပြောသည်။
ထို့နောက် သူကထပ်ပြောသည်။ "သခင်ကြီး၊ နည်းလမ်းတစ်ခုခုရှာရပါမယ်။ သခင်ကြီး ဒီအတိုင်းတော့ လက်ပိုက်ကြည့်မနေဘူး မဟုတ်လား။ ကျွန်မရဲ့တူမက အဲ့ဒီလင်းကျန်ထက် အကြိမ်ထောင်ပေါင်းများစွာ၊ မဟုတ်ဘူး အကြိမ်သောင်းပေါင်းများစွာ ပိုသာတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အဲ့ဒီလင်းကျန်ဆိုတဲ့တစ်ယောက်သာ ဒီမိသားစုထဲ တကယ်လက်ထပ်ဝင်လာရင် ကျွန်မတော့ ကျွန်မမိဘတွေနဲ့ပဲ သွားနေတော့မယ်။ သူ့ဆီမှာ ဘယ်လိုမှအနိုင်ကျင့်မခံနိုင်ဘူး။"
"အမေ၊ ဒီယွီဝမ်မိသားစုမှာ အမေကသခင်မကြီးလေ။ သူကဘယ်သူမို့ အမေ့ကိုအနိုင်ကျင့်မှာလဲ။" ယွီဝမ်ချီက မကျေမနပ်ဖြင့် ထောက်ပြသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...