94

4.1K 727 13
                                    

တောင်ကို မီးရှို့ခြင်း
........................

"အစ်ကိုကြီးဝမ်၊ ဒါကဘယ်သူလဲ။ ယန်လျှိုကျီက လျှိုရိကို စပ်စပ်စုစု အကဲဖြတ်နေသည်။

"သူက ငါတို့အုပ်စုထဲ အသစ်ဝင်လာတဲ့ လျှိုရိလေ။ သူက မင်းထက် အသက်တစ်နှစ်ကြီးတယ်။ မင်း သူ့ကိုအစ်ကိုကြီးလျှိုဆိုပြီး ခေါ်လို့ရတယ်။" ဝမ်တရှန်က လျှိုရိကို ယန်လျှိုကျီနှင့် မိတ်ဆက်ပေးသည်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ အစ်ကိုကြီးလျှိို။ ကျွန်တော့်နာမည်က ယန်လျှိုကျီပါ။ အစ်ကို ကျွန်တော့်ကို လျှိုကျီလို့ အတိုကောက်ခေါ်လို့ရတယ်။" ယန်လျှိုကျီက လျှိုရိကို စိတိပါလက်ပါ နှုတ်ဆက်သည်။

"ငါကလည်း မင်းနဲ့တွေ့ရတာဝမ်းသာပါတယ်၊ ညီလေးလျှိုကျီ။"

"ဟားဟား၊ ယဉ်ကျေးနေစရာမလိုပါဘူး၊ အစ်ကိုကြီးလျှိုရာ၊ ကျွန်တော့်ကို လျှိုကျီလို့ပဲခေါ်ပါ။"

"ကောင်းပါပြီ၊ လျှိုကျီ။"

ယန်လျှိုကျီက လျှိုရိမှာ စိတ်ဝင်စားစရာကောင်းကြောင်း သိသွား၍ဖြစ်မည်၊ သူကလျှိုရိနှင့် စတင်စကားများတော့သည်။

ဝမ်တရှန်ကခေါင်းခါသည်။ "အထဲမှာ သခင်လေးနဲ့ကြီးကြပ်ကျိုးတို့က စီးပွားရေးကိစ္စဆွေးနွေးနေတယ်လေ။ မင်းက သူတို့ကို နှောင့်ယှက်နေတာပဲ။"

ယန်လျှိုကျီက ရှက်သွားကာ အသံတိုးလိုက်သည်။ "အာ၊ ကျွန်တော် ဒီတစ်လောအတွင်း စိုက်ခင်းထဲမှာ နေ့တိုင်း ဒီလိုပြောနေတာဆိုတော့ အကျင့်ပါသွားလို့။"

"ကြည့်ရတာ မင်းတို့ကို အချိန်နည်းနည်းလောက် ထိန်းသိမ်းကြပ်မတ်ပေးမဲ့လူ မရှိတာနဲ့ မင်းတို့က ဘယ်လိုပြုမူရမယ်ဆိုတာကို မေ့သွားတာပဲ။"

"အစ်ကိုကြီးဝမ်ကလည်း ကျွန်တော့်ကိုအထင်မလွဲပါနဲ့။ ကျွန်တော်က သူတို့ကို နေ့တိုင်းစည်းကမ်းတကျ လေ့ကျင့်ရေးဆင်းခိုင်းပါတယ်။"

လင်းကျန်နှင့်ကြီးကြပ်ကျိုးတို့က ဆွေးနွေးပြီးသွားရာ အိမ်ရာမြေတစ်ဝိုက် လှည့်ပတ်ကြည့်ရှုရန် အပြင်သို့ထွက်လာသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now