42

6K 1K 3
                                    

ဆယ့်နှစ်ယောက် ထောင်ခြောက်ဆင်သတ်ဖြတ်ခြင်း အစီအရင်
.............................................................................

"ဘာဖြစ်လို့လဲ။" ဇနီးဖြစ်သူက မျက်မှောင်ကြုတ်ကာ ထိုင်နေသည်ကို တွေ့သောအခါ လင်းကျိုးဝမ် ပဟေဠိဖြစ်ကာ မေးလိုက်သည်။ "ကိုယ်တို့မိသားစုထဲမှာ တစ်ခုခုဖြစ်လို့လား။"

"ကျွန်မတို့ မိသားစုထဲမှာ ဘာမှမဖြစ်ပါဘူး၊ အဲ့ဒါက ကျန်" ဖုချိုက်ဝေက ခင်ပွန်းဖြစ်သူ၏ နောက်ကျောကိုမြင်ကာ သူ့ဆီမြန်မြန်သွားလိုက်သည်။ "ချစ်ခင်ပွန်းရေ၊ အစီအရင်တွေကို လင်းကျန်ဘယ်ကနေ သင်လာတယ်ဆိုတာ ရှင်သိလား။"ခဏကြာပြီးနောက် လင်းကျိုးဝမ်က သူမကို မေးလာသည်။ "အစီအရင်တွေလား။ ဘယ်လိုအစီအရင်မျိုးလဲ။"

ဖုချိုက်ဝေက စိုးရိမ်ပူပန်မှုဖြင့် ပြန်ပြောသည်။ "လင်းကျန်က သူအစောင့်တွေကို လေ့ကျင့်ပေးပြီး အစီအရင်တစ်ခု သင်ပေးချင်တယ်လို့ပြောတယ်။ ဆယ့်နှစ်ယောက် ထောင်ချောက်ဆင်သတ်ဖြတ်တဲ့အစီအရင်ဆိုလားပဲ။ သူပြောတာကတော့ အစောင့်တွေ အရေအတွက် နိမ့်နေရင်တောင် ရန်သူတွေကို ထောင်ချောက်ဆင်ပြီးသတ်လို့ရတယ်တဲ့။ သူက စစ်ရေးစစ်ရာတွေကို ဘယ်တုန်းကမှ မသင်ဖူးတော့ ဒီအစီအရင်ကို သူဘယ်လိုလုပ်သိလာတာလဲ။ သူ တခြားလူတွေဆီကနေ အလိမ်ခံရတာများလား။"

"ဆယ့်နှစ်ယောက် ထောင်ချောက်ဆင်သတ်ဖြတ်ခြင်း ဟုတ်လား။ " လင်းကျိုးဝမ်၏ မျက်နှာထားပြောင်းကာ ဖုချိုက်ဝေထံကပ်၍ မေးလိုက်သည်။ " သူမင်းကို တခြားဘာပြောသေးလဲ။"

သူ၏ တုံ့ပြန်ပုံကြောင့် ဖုချိုက်ဝေတုန်လှုပ်သွားသည်။ "ဘာမှတော့ ထပ်မပြောပါဘူး။ သူ့အစီအရင်မှာ ပြဿနာရှိလား။"

လင်းကျိုးဝမ်က ပျောက်ဆုံးနေသောအစ်ကိုကြီး အစ်ကိုကြီး၊ ငယ်ရွယ်ချိန်မှာပင် ကွယ်လွန်သွားသောမရီးအပြင် ဆယ်နှစ်ကျော်မျှ ဖုန်တက်နေသော အတိတ်အကြောင်းတို့ကို ခက်ထန်သောမျက်နှာထားဖြင့် တွေးနေမိသည်။

"အစီအရင်က ဘာပြဿနာမှ မရှိပါဘူး။ အဲ့ဒါကို စကားလုံး အနည်းငယ်နဲ့ပဲ ရှင်းပြလို့မရဘူး။ ကိုယ်ပြန်လာရင် မင်းကိုရှင်းပြမယ်။" လင်းကျိုးဝမ်က ပြောနေရင်း ခပ်သွက်သွက်အပြင်ထွက်သွားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now