110

4K 651 22
                                    

ကျားမိသားစုအားဝိုင်းကာ အကျဉ်းချခြင်း
....................................................

အရေအတွက်များပြားသော ရုံးတော်သားများက ကျားမိသားစု၏နေအိမ်ကို ရုတ်တရက်လာဝိုင်းသည်။ အိမ်ထဲမှလူများအားလုံး ကြောက်စိတ်မွှန်နေကြသည်။ ကျားယင်က သတိလစ်နေရာ သခင်မကျားမှာ ရွေးချယ်စရာမရှိဘဲ လင်းကျောက်ဝမ်အားတွေ့ရန် ထွက်လာရသည်။

"အရာရှိလင်း၊ ရှင် ကျွန်မတို့ရဲ့ အိမ်ကို ရုံးတော်သားတွေနဲ့ ဘာလို့ဝိုင်းထားတာလဲ။"

"သတ္ထုတွင်းလုပ်သားတွေကို ကျားမိသားစုက လျှို့ဝှက် သတ်ထားတာက လူ့အသက်ကို လုံးလုံးလျားလျား အရေးမထားတာပဲ။ အရာရှိထောင်ရဲ့အမိန့်အရ ကျားမိသားစုဝင်အားလုံး ထောင်သွင်းအကျဉ်းချခံရပြီး တရားစီရင်မှာကို စောင့်နေရမယ်။" လင်းကျောက်ဝမ်က တည်ငြိမ်သောမျက်နှာထားဖြင့်ပြောသည်။ သူ့ဘေးတွင် ရုံးတော်သားအယောက်နှစ်ဆယ် ရပ်နေသည်။

ကျားမိသားစုဝင်အားလုံးမှာ ဤရုံးတော်သားများက သူတို့အားဖမ်းရန်ရောက်လာသည်ဟု ကြားသောအခါ ချောက်ချားသွားကြသည်။

"အဓိပ္ပါယ်မရှိတာ။ ငါတို့က ဥပဒေကို အမြဲတမ်းလိုက်နာတဲ့ ကုန်သည်တွေဟ။ တစ်ယောက်ယောက်က ငါတို့ကိုချောက်ချလိုက်တာ ဖြစ်ရမယ်။"

"ဒီသတ္ထုတွင်းလုပ်သားတွေက ငါတို့ရဲ့သတ္ထုတွင်းကြီးကြပ်သူကို သတ်သွားပြီး ငါတို့ရဲ့ငွေကို ခိုးသွားတယ်။ ဘာလို့ အရာရှိထောင်က သူတို့ကို မဖမ်းဘဲ ငါတို့ကိုလာဖမ်းတာလဲ။"

"ငါတို့ အရာရှိထောင်နဲ့ တွေ့ချင်တယ်။"

ကျားမိသားစုဝင်များက စတင်အော်ဟစ်နေကြသည်။

လင်းကျောက်ဝမ်က အေးစက်စက်နှာမှုတ်သည်။ "မင်းတို့ကိုဖမ်းဖို့ အမိန့်ပေးလိုက်တဲ့လူက အရာရှိထောင်ပဲ။ မင်းတို့ အရာရှိထောင်နဲ့တွေ့ချင်ရင် ငါတို့နဲ့အတူ ရုံးတော်ကိုလိုက်ခဲ့။ သူတို့ကိုဖမ်းစမ်း။"

"ရပ်စမ်း။ ကျွန်မတို့ကိုဖမ်းရအောင်၊ ရှင်ကဘယ်သူမို့လို့လဲ။" သခင်မကျားက အော်သည်။ "ငါ့ရဲ့မတ် ကျားကျုံးက စီရင်စုတရားသူကြီးပဲ။ ငါတို့အားလုံးက စီရင်စုတရားသူကြီးရဲ့ မိသားစုဝင်တွေ။ ရှင့်မှာ ကျွန်မတို့ကိုဖမ်းပိုင်ခွင့် မရှိဘူး။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now