26

6.5K 1.1K 4
                                    

သစ္စာဖောက်အစေခံများကို ရှင်းထုတ်ခြင်း
....................................................

"သခင်လေး ဘာဖြစ်နေတာလဲ။ သူ့ကြည့်ရတာ ကြောက်ဖို့ကောင်းတယ်။"

ခန်းမထဲမှ ရှားဖုန်းထွက်လာသည်နှင့် ခြံဝန်းရှိအစေခံများက သူ့ဘေးနားသို့လာဝိုင်းကြသည်။

ရှားဖုန်းက လင်းကျန်၏ဘေး၌ အခွင့်ကောင်းအရဆုံးအစေခံဖြစ်ပြီး ခြံဝန်းထဲရှိ ဤအစေခံများကြားတွင် အဆင့်အမြင့်ဆုံးပင်။ အပြင်ဘက်၌ ဘာဖြစ်ပျက်ခဲ့သည်ကို အိမ်တော်ထိန်းက သူ့အားအထူးလာရောက်ပြောထားရာ သူကဤအစေခံများထက် ပိုသိသည်။

"တုန်ရှန်းနဲ့ တုန်စုန့်တို့ကို သွားခေါ်လိုက်။ မင်းတို့မမေးသင့်တဲ့ ဘာတစ်ခွန်းမှ မစပ်စုနဲ့။" ရှားဖုန်းက အလေးအနက်ပြောလိုက်သည်။

ရှားဖုန်း၏လေသံက လေးနက်နေသည်ကို သတိထားမိသောအခါ အစေခံနှစ်ယောက်က ဘာမှမမေးရဲတော့ပဲ ဇက်ပုကာ တုန်ရှန်းနှင့်တုန်စုန့်တို့အား ခေါ်ရန် ထွက်သွားကြသည်။

အစေခံနှစ်ယောက်ထွက်သွားပြီးနောက် ရှားဖုန်း၏အမူအရာက မျက်နှာသေဖြစ်သွားသည်။ သူ့တွင်အခြားလုပ်ဆောင်စရာရှိနေသည့်အတွက် စားပွဲသို့တက်ရန် သခင်လေးနှင့်အတူ ကျားမိသားစုစံအိမ်သို့ မလိုက်သွားနိုင်ခဲ့ပေ။ ဤမျှဆိုးရွားသောကိစ္စတစ်ခုခုဖြစ်ပျက်သွားမည်ဟု သူမမျှော်လင့်ထားမိပေ။ သခင်လေးကသာ စိတ်တည်ငြိမ်စွာမကိုင်တွယ်နိုင်ခဲ့လျှင် ယနေ့တွင် များစွာအကျိုးယုတ်သွားလောက်သည်။

တုန်ရှန်းနှင့်တုန်စုန့်တို့က ကျားမိသားစုစံအိမ်သို့ သခင်လေးနှင့်အတူလိုက်သွားရာ သခင်လေးအား ကျားယွမ်လင်းမှ အကောက်ကြံရန် အခွင့်မပေးခဲ့သင့်ပေ။

သူတို့က တာဝန်မကျေခဲ့သည်ဖြစ်စေ၊ သို့မဟုတ် လိမ်လည်လှည့်ဖြားခဲ့သည်ဖြစ်စေ ယနေ့တွင်တော့ ခွင့်လွှတ်၍မရပေ။

မကြာခင်တွင် မီးခိုးရောင်ဝတ်စုံနှင့် အစေခံနှစ်ယောက်က ရှားဖုန်းထံရောက်လာသည်။ ရှားဖုန်းမှ တစ်ခုခုမပြောနိုင်ခင်တွင်ပင် သူတို့က ဒူးတန်းထောက်လိုက်ကြသည်။ သူတို့က အသနားခံလာသည်။ "အစ်ကိုကြီးရှား၊ သခင်လေးက ကျွန်တော်တို့ကို အပြစ်ပေးတော့မှာမဟုတ်လား။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် သခင်လေးဆီမှာ ပြောပေးပါလား။ ကျွန်တော်တို့ သခင်လေးဘေးကနေ ထွက်သွားချင်ခဲ့လို့မဟုတ်ပါဘူး။ ကျားယွမ်လင်းရဲ့ အစေခံတွေက ကျွန်တော်တို့ကို ခြံထဲမဝင်ခိုင်းခဲ့လို့ပါဗျာ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now