112

4.1K 657 6
                                    

စိုးရိမ်ပူပန်မှု
................

ဒေသခံလူအုပ်ကြီးက တရားခွင်အပြင်ဘက်၌ အချိန်အတော်ကြာရပ်ကာ စောင့်ကြည့်နေကြသည်။ ယခုတစ်ကြိမ်တွင် ကျားမိသားစုဝင်အားလုံးက ထောင်ချခံရကာ အဆုံးသတ်သွားလေပြီ။ ယနေ့မှစ၍ ထန်းယန်တွင် ကျားမိသားစုမှတစ်ယောက်ယောက် ရပ်တည်စရာမြေတစ်လက်မပင် မရှိတော့ချေ။ စီရင်ချက်မချရသေးသည့်အပြင် သတ္ထုတွင်း၏ပိုင်ဆိုင်မှုကိုလည်း ဆုံးဖြတ်ချက်မချရသေးရာ ထောင်ဖန်းအလိုရှိလျှင်ပင် သတ္ထုတွင်းကိုပြန်မယူနိုင်သေးပေ။ ထို့ကြောင့် သူ့တွင်ရွေးချယ်စရာမရှိဘဲ ကျန်ချောင်း၏လက်ထဲသို့ သတ္ထုတွင်းရောက်သွားသည်ကိုသာ ရပ်ကြည့်နေရသည်။

လင်းကျောက်ဝမ်၏လူများထဲမှတစ်ယောက်ဖြစ်သူ လီဖုက အပြင်သို့ထွက်လာကာ လင်းကျန်ကိုရှာ၍ပြောသည်။ "သခင်လေးများ ကျားယင်နဲ့စကားပြောချင်မလားဆိုပြီး ဒုသခင်ကြီးက ကျွန်တော့်ကိုခေါ်ခိုင်းလိုက်ပါတယ်။ ထောင်ထဲမှာ လိုအပ်တဲ့စီစဉ်စရာတွေကို ပြင်ဆင်ပြီးသားပါ။ သခင်လေးသွားချင်ရင် အဲ့ဒိကိုအချိန်မရွေးသွားလို့ရပါတယ်။"

လင်းကျန်က ခေတ္တမျှတွေးပြီးနောက် သူ့ကိုမေးလိုက်သည်။ "ထောင်ထဲမှာ ကျွန်တော့်ဦးလေးနဲ့ အရာရှိထောင်တို့က ကျားမိသားစုရဲ့ ဝန်ခံချက်တွေကို ထပ်ယူနေတာလား။''

"ဟုတ်ပါတယ်။ ကျားမိသားစုက တော်တော်ကြီးတော့ သူတို့အလုပ်ပြီးဖို့ အတော်ကြာဦးမှာပါ။"

လင်းကျန်က ထောင်ဖန်းနှင့် ကိစ္စအချို့ဆွေးနွေးစရာရှိသဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်တော်သွားကြည့်ဦးမယ်။"

ဤဖြစ်ရပ်တွင် ကျားမိသားစု၏မိသားစုဝင်များစွာပါဝင်နေရာ ထောင်ထဲမှအခန်းအားလုံးတွင် လူပြည့်နေပြီး ရုံးတော်သားအားလုံး အလုပ်ရှုပ်နေသည်။ ထောင်ထဲသို့ လင်းကျန်ဝင်သွားသောအခါ သူ့ဦးလေးနှင့်ထောင်ဖန်းတို့က ကျားမိသားစု၏အိမ်တော်ထိန်းထံမှ ဝန်ခံချက်ယူနေသည်ကို တွေ့လိုက်ရသည်။ သူက ၎င်းတို့အလွန်အလုပ်များနေမည်ကို သိသဖြင့် နေရာတစ်ခုရှာကာ ထိုင်စောင့်နေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now