88

4.7K 778 22
                                    

သမားတော်တစ်ယောက် ပို့လိုက်။ သူ မသေစေနဲ့။
............................................................

".....ကြီးကြပ်ဟယ်က သူ့ကို စစ်ဆေးမေးမြန်းနေပါတယ်။ အဲ့မှာ ကြီးကြပ်လီလည်းရှိပါတယ်။ ကြီးကြပ်နှစ်ယောက်က သခင်လေးဆီ ဒီကိစ္စအကြောင်းကြားခိုင်းပြီး ဘယ်လိုများစီမံချင်ပါသလဲလို့ မေးလိုက်ပါတယ်။ သခင်လေးက အဲ့ကိုကိုယ်တိုင်သွားမှာလား၊ ဒါမှမဟုတ်..."

လင်းကျန်၏ ခြံပေါက်ဝတွင် ရှားဖုန်းရပ်နေသည်။ အစေခံ၏စကားများကို ကြားပြီးနောက် သူကအေးစက်စက်မျက်နှာထားဖြင့် ပြန်ပြောသည်။ "ငါ သိပြီ။ သခင်လေးက ဒီအကြောင်း ဂရုမစိုက်နိုင်လောက်အောင် အလုပ်များနေတယ်။ အဲ့လူကိုခဏလောက်အသက်ရှင်အောင်လုပ်ထားလိုက်ဆိုပြီး ကြီးကြပ်နှစ်ယောက်ကို ပြန်ပြောလိုက်။ သခင်လေးအချိန်ရှိရင် အဲ့ကိုသွားပြီး ကိုယ်တိုင်မေးချင်လောက်တယ်။"

"ဟုတ်ကဲ့ပါ။"

"မင်း ဒုသခင်ကြီးနဲ့ ဒုသခင်မကြီးတို့ကိုကော ဒီကိစ္စအကြောင်း တင်ပြပြီးပြီလား။" ရှားဖုန်းက တစ်ခုခုကို စဉ်းစားမိကာမေးသည်။

"မတင်ပြရသေးပါဘူး။ ကျွန်တော် ဒီမှာသခင်လေးကို အရင်လာတင်ပြတာပါ။" အစေခံကပြောသည်။

ရှားဖုန်းက သူ့ကို အဓိပ္ပါယ်ရှိစွာ တစ်ချက်ကြည့်၍ ပြောလိုက်သည်။ "ဒါ မင်းတအားတွေးလွန်းနေပြီ။ ဒါပေမဲ့ ဒီလိုကိစ္စမျိုး နောက်တစ်ကြိမ်ဖြစ်လာရင် သခင်လေးနဲ့ ဒုသခင်ကြီးကို တစ်ချိန်တည်းမှာအကြောင်းကြားလိုက်။ ဘယ်သူ့ကိုမှ အခြားတစ်ယောက်ထက် အရင်ကြိုအကြောင်းမကြားနဲ့။ နားလည်လား။"

"ဟုတ်ကဲ့ပါ။" ဤသည်မှာ ချီးမွမ်းစကားလား၊ ဝေဖန်ချက်လားဆိုသည်ကို သေချာမသိသည့် အစေခံက ထိတ်လန့်သွားကာ ရှားဖုန်းကို ခေါင်းမော့မကြည့်ရဲပေ။

"အခု ဒုသခင်ကြီးနဲ့ ဒုသခင်မကြီးတို့ကို သွားပြောလိုက်။" ရှားဖုန်းက အမိန့်ပေးသည်။

"ဟုတ်ကဲ့ပါ။" အစေခံက ပြန်ပြောကာ အမြန်ထွက်သွားသည်။

ရှားဖုန်းက ခြံထဲသို့ပြန်ကာ လင်းကျန်၏အခန်းထဲသို့ ဝင်သွားသည်။သူက လှည့်ပတ်ကြည့်လိုက်ကာ အထဲဝင်၍ လင်းကျန်အားချက်ချင်း အကြောင်းကြားသင့်သလားဟု မသေမချာဖြစ်နေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now