32

6.5K 1K 15
                                    

စိတ်တထင့်ထင့်
....................

နောက်ရက်အနည်းငယ်အတွင်းတွင် လင်းမိသားစုမှအစေခံများ တစ်ယောက်ပြီးတစ်ယောက် အဖြုတ်ခံနေရသည့်အတွက် အခြေအနေမှာ စိတ်မချမ်းမြေ့ဖွယ်ပင်။ သူတို့အားမဖြုတ်ခင် ငွေတုံးအချို့ပေးလိုက်သော်လည်း လင်းမိသားစုထံမှ ထွက်ခွာလာပြီးနောက် အလုပ်ကောင်းတစ်ခုကို ဆုံးရှုံးလိုက်ရသည်။ ထို့ကြောင့် ၎င်းတို့ထဲမှ မည်သူမျှ မပျော်ချေ။

ဟုတ်သည်။ ငွေတုံးမရသူများလည်း တစ်ယောက်၊နှစ်ယောက်မျှ ရှိသည်။ သူတို့ကခြေထောက်ကျိုးသွားကာ အစိုးရအကျဉ်းထောင်သို့ တိုက်ရိုက်အပို့ခံလိုက်ရသည်။

လင်းမိသားစု၏လုပ်ရပ်က ရှင်းလင်းပြတ်သားပြီး လင်းမိသားစု၏လုပ်ရပ်တိုင်းအား စောင့်ကြည့်နေသော ကျားမိသားစုထံမှ မဖုံးကွယ်ထားပေ။ ကျားမိသားစု၏အစေခံက ကျားတို့၏စံအိမ်သို့ မြန်မြန်ပြေးသွားကာ ဤရက်များအတွင်း သူစုံစမ်းခဲ့သည်များကို ကျားယင်ထံတင်ပြလိုက်သည်။

"ခြေထောက်ကျိုးပြီး ထောင်ထဲအပို့ခံလိုက်ရတဲ့ထဲက တစ်ယောက်က လင်းမိသားစုထဲ ကျွန်တော်တို့ လွန်ခဲ့တဲ့တစ်နှစ်ကပို့ထားတဲ့လူပါ။ သူက လင်းကျိုးဝမ်ရဲ့ လူယုံဖြစ်လုနီးပါးပါပဲ။ နောက်ပိုင်းမှာ သူကလင်းကျိုးဝမ်ဆီမှာ တိုက်ရိုက်ခစားနိုင်ပြီး စာကြည့်ခန်းထဲဝင်နိုင်တော့မှာပါ။ သူအဖမ်းခံရပြီး ထောင်ထဲအပို့ခံလိုက်ရမယ်လို့ ကျွန်တော်မထင်ထားဘူး။" သတင်းပေးရန်ပြန်လာသောအစေခံက ပြောသည်။

ကျားယင်မှာ ဒေါသထွက်၍ မျက်နှာကြီးမည်းလာကာ မေးလိုက်သည်။ "အဲ့လူက တစ်ခုခု ဝန်ခံလိုက်ပြီလား။"

အစေခံက နှဖူးပေါ်မှ ချွေးများကို စိုးရိမ်ပူပန်စွာဖြင့် သုတ်ကာပြောလာသည်။ "သတင်းမထွက်လာသေးပါဘူး။ ထောင်ဖန်းနဲ့ လင်းကျိုးဝမ်က အစိုးရအကျဉ်းထောင်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့လူတွေ ဝင်သွားလို့မရပါဘူး။"

ကျားယင်က လက်သီးကျစ်ကျစ်ဆုပ်ကာ စာပွဲအားထုချလိုက်သည်။ "အရိုင်းအစိုင်း လင်းကျိုးဝမ်က မြန်မြန်လုပ်နေတာပဲ။ ဒုတိယသခင်ကြီးကို သွားခေါ်လိုက်။ သူ အကျဉ်းထောင်ထဲက လင်းအာဆီ သွားလည်ဖို့နဲ့ အဖမ်းခံထားရတဲ့တစ်ယောက်ဆီကနေ သတင်းတချို့ရဖို့ နည်းလမ်းတစ်ခု ရှာတွေ့မယ်လို့ မျှော်လင့်ရတာပဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now