67

6K 979 6
                                    

မင်း ငါနဲ့အတူ မြို့တော်ဆီလိုက်လာပြီး စစ်သူကြီးယွီဝမ်ကိုတွေ့ချင်လား။
..................................................................................

"ဒီ့အပြင် ကိုယ်ထန်းယန်ဆီ ရောက်လာတဲ့သတင်းကို မြို့တော်မှာရှိတဲ့လူတွေအပေါ် ကြာကြာဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး။ ထန်းယန်မှာရှိတဲ့လူတွေကလည်း ဒါကို အကြာဆုံးမှ လဝက်လောက်အတွင်း ကြားကြမှာပဲ။"

လင်းကျန်က အံ့ဩကာမေးလိုက်သည်။ "ကျွန်တော်တို့မှာ လတစ်ဝက်လောက်ပဲ အချိန်ကျန်တော့တာလား။"

ယွီဝမ်ထုန်က သဘောတူလိုက်သည်။ "ဟုတ်တယ်။"

လင်းကျန်က သူ့ကိုမျက်ခုံးပင့်၍ ကြည့်သည်။ သူတို့တွင် လုပ်ဆောင်စရာများစွာရှိသေးရာ လဝက်မျှသောအချိန်က မြန်လွန်းသည်။

"လဝက်ဆို လုံလောက်တယ်။" ယွီဝမ်ထုန်ကပြောသည်။ သူက လင်းကျန်စိတ်ထဲမှ အတွေးအားသိနေပုံပင်။

"ကိုယ်တို့အခု လုပ်သင့်တာက ကျန်ချောင်း၊ တော်ဝင်ကိုယ်လုပ်တော်ရှု၊ ခြောက်ယောက်မြောက်မင်းသားနဲ့ သူတို့ရဲ့ဘက်တော်သားတွေ သတိလွတ်တဲ့အချိန်မှာ သက်သေရှာဖို့ပဲ။ ကိုယ်တို့က ကျန်ချောင်းနဲ့ အသည်းအသန်တိုက်ခိုက်စရာမလိုဘူး။ ဝှက်ထားတဲ့လက်နက်တွေ၊ ကျားမိသားစုနဲ့ ကုန်ဖလှယ်ထားတဲ့ စာရင်းစာအုပ်၊ ဓားပြတွေနဲ့ ပေါင်းကြံထားတဲ့သက်သေ၊ လျှို့ဝှက်လမ်းကြောင်း တွေကိုပဲ ကိုယ်တို့ရှာစရာလိုတယ်။" ယွီဝမ်ထုန်က ဆက်ပြောသည်။

လက်နက်များ၊ ကျားမိသားစုနှင့် ကုန်ဖလှယ်ထားသည့် စာရင်းစာအုပ်၊ ဓားပြများနှင့်ပေါင်းကြံနေကြောင်း သက်သေတို့အား ရှာရမည်ကို လင်းကျန်နားလည်နိုင်သည်။ သို့သော် လျှို့ဝှက်လမ်းကြောင်းက အဘယ်နည်း။ ကျန်ချောင်းက တော်ဝင်အာဏာအားခြိမ်းခြောက်နေပြီး ဓားပြများနှင့် ကျန်ချောင်းအား နှိမ်နှင်းရန် ဧကရာဇ်က စစ်တပ်စေလွှတ်စေမည့်အကြောင်းရင်းမှာ ထိုအချက်ကြောင့်ဟု ယွီဝမ်ထုန် ယုံကြည်နေသည်လား။

"ကိုယ် သက်သေအခိုင်အမာရရင် မင်းကိုပြောပြမယ်။" ယွီဝမ်ထုန်ကပြောသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now