80

5.4K 891 17
                                    

'လုကွေ့' သေဆုံးမှုနှင့် လုမိသားစုမှ သူခိုး
.................................................

ညဉ့်နက်ချိန်၌ ထန်းယန်တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် မြို့တော်ဘက်ရှိ လုမိသားစု၏စံအိမ်မှ ငယ်သံပါအောင်အော်သံတစ်သံထွက်လာသည်။

"လူတစ်ယောက် အသတ်ခံလိုက်ရတယ်။"

"တစ်ယောက်ယောက် ကယ်ကြပါဦး။ သူခိုး ရောက်လာတယ်။ သခင်ကြီး အသတ်ခံလိုက်ရပြီ။"

"ဒူ...ဒူ...ဒူ..."

အချက်ပေးသံများထွက်လာကာ ထန်းယန်တစ်မြို့လုံး နိုးကြားလာကြသည်။ ဤသို့နောက်ကျနေချိန်တွင် လုမိသားစု၏စံအိမ်မှ ငိုသံများထွက်လာခြင်းက လူများအားကျောစိမ့်သွားစေသည်။

"အောင်မလေး။ ဘယ်လိုဖြစ်ရတာတုန်း။ ဒီဓားပြတွေ၊ သူခိုးတွေက မြို့ထဲကိုတောင် ဝင်လာပြီလား။"

"တံခါးတွေ၊ ပြတင်းပေါက်တွေကို စစ်စမ်း။ အဲ့ဒါတွေ သေချာသော့ခတ်ထားပါစေ။ ဒီတံခါးကိုပိတ်ဖို့ အဲ့ဗီရိုကြီး ရွှေ့လာစမ်း။"

မကြာခင်တွင် ထန်းယန်တစ်မြို့လုံး ဖရိုဖရဲဖြစ်လာကြသည်။ ဒေသခံများစွာ အိပ်ရာနိုးလာကြပြီး ဖယောင်းတိုင်များ၊ မီးအိမ်များထွန်းညှိကာ သူတို့၏ပြတင်းပေါက်များ၊ တံခါးများကိုစစ်ပြီး တံခါးပေါက်များကို လေးလံသောအရာများဖြင့် ပိတ်ထားကြသည်။

လုမိသားစု၏အနောက်ဘက်ခြံဝန်းရှိ အဆောက်အအုံကြီး၏ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်နေကြသည့် လင်းကျန်နှင့်ယွီဝမ်ထုန်တို့က ထန်းယန်၏လေးပုံသုံးပုံမျှကို မြင်နိုင်သည်။ သူတို့က ဘက်ပေါင်းစုံမှလာသည့် ဆူညံသံများကိုလည်း ခပ်တိုးတိုးကြားနေရသည်။

လင်းကျန်က ဒေသခံများစွာကို ကြောက်လန့်စေမိသည့်အတွက် အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသော်လည်း ယင်းမှာ ခဏသာခံလိုက်သည်။

မောင်းတီးသံက တရားရုံးသို့တန်းရောက်သွားသည်။ မကြာခင်တွင် ညဆိုင်းဆင်းနေသည့် ရုံးတော်သားများရောက်လာကြသည်။ လူဆယ့်တစ်ယောက်၊ ဆယ့်နှစ်ယောက်ခန့်က တောင်ပိုင်းရှိလုမိသားစုစံအိမ်သို့ အမြန်ရောက်လာကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now