51

6K 1K 21
                                    

လွတ်မြောက်လိုသောဆန္ဒ
................................

"သခင်လေးခင်ဗျ၊ တစ်စုံတစ်ယောက်က သခင်လေးကိုရှာနေပါတယ်။ သူက အလျင်လိုနေတဲ့ပုံပဲ။" အစေခံတစ်ယောက်က အမြန်ဝင်လာသည်။

လင်းကျန်က ဆေးမှာကုန်ကို ကျန်းဆေးဆိုင်၏ဆိုင်ရှင်ဆီ လွှဲပေးပြီးနောက် လိုက်ပို့ပေးခဲ့သည်။ ဤသည်မှာ အရောင်းအဝယ်ကို လင်းကျန် ပထမဆုံးအကြိမ်အဖြစ် သတ်သတ်မှတ်မှတ်လုပ်ခြင်းပင်။ အသေးစိတ်အချက်အလက်များစွာနှင့် သူ မရင်းနှီးရာ အလုပ်များနေပြီး ရေသောက်ရန်ပင်အချိန်မရှိချေ။ မွန့်းတည့်ချိန်နီးမှသာ အလုပ်အားလုံးပြီးသွားသည်။ သူ ထိုင်ကာနားရန် ပြင်စဉ်တွင် တစ်စုံတစ်ယောက်က သူ့ကိုလာရှာသည်။

"ဘာဖြစ်တာလဲ။" လင်းကျန်က လင်းမိသားစုမှ ရောက်လာသူကိုမေးလိုက်သည်။

"သခင်ကြီးက သခင်လေးနဲ့ ဒုသခင်လေးတို့ကို အိမ်အမြန်ပြန်လာခိုင်းလိုက်ပါတယ်။ အလေးထားရမဲ့ ဧည့်သည်တစ်ယောက် ရောက်နေလို့ပါ။" ထိုလူက ပြန်ဖြေသည်။

အခုပြန်လာရမယ် ဟုတ်လား။ အလေးထားရမဲ့ဧည့်သည်တစ်ယောက် လာလည်တာလား။ ဘယ်လိုဂုဏ်ရှိတဲ့ ဧည့်သည်ကများ ငါ့ကိုတွေ့ချင်ရတာလဲ။ လင်းကျန်က ဇဝေဇဝါဖြစ်နေသည်။ အဖိုးက သူ့ကိုဘာကြောင့် အမြန်ပြန်လာခိုင်းရသနည်း။

"ဧည့်သည် ဘယ်တုန်းကရောက်တာလဲ။" လင်းကျန်က မေးသည်။

ထိုလူက ဖြေသည်။ "ကျွန်တော်က အရုဏ်တက်ချိန်မှာ ထွက်ခဲ့တာပါ။ ကျွန်တော်မထွက်လာခင် သခင်ကြီးနဲ့ဒုသခင်ကြီးတို့က ဂုဏ်သရေရှိဧည့်သည်တွေကို အိမ်ပေါက်ဝမှာ စောင့်ဆိုင်းနေကြပါတယ်။"

အစောကြီးပဲ။ မည်သို့သော ဧည့်သည်မျိုးက မိုးမလင်းခင်တွင် ရောက်လာမည်နည်း။ သူက အိမ်ပြန်လာရန် အမှာခံလိုက်ရသည်။ သူသာ ယခုထွက်လာလျှင်ပင် ဧည့်သည်က တစ်ညတာတည်းနေဦးမည်ဟု မယုံပေ။

ထို့ကြောင့် ဧည့်သည်က အခြားနေရာမှလာခြင်းဖြစ်ရမည်။ သူဘာကြောင့်အနည်းငယ်ကြောက်စိတ်ဝင်လာမှန်း လင်းကျန်မသိပေ။ သူ မနက်စောစောအချိန်က မက်ခဲ့သောအိပ်မက်အား ဤသို့ကိုးရိုးကားယားနိုင်သောအခိုက်၌ ပြန်သတိရမိသွားသည်။ သေစမ်း၊ အဲ့ဧည့်သည်က ယွီဝမ်ထုန်တော့ မဟုတ်လောက်ပါဘူးနော်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now