71

5.7K 986 10
                                    

မင်းရဲ့ဦးလေးအကြောင်း တစ်စုံတစ်ခု
...............................................

ချိုးပင်းနှင့် ကျိုးရှန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံကြိတ်၍ပြောသည်။ "ရတယ်။"

ကျောက်ခွန်က ဟိတ်ဟန်ထုတ်မနေတော့ဘဲ သူတို့နှစ်ယောက်ကို တစ်ချက်စီထိုးလိုက်သည်။

"အာ့၊ မင်းက တအားထိုးတာပဲ။" ကျိုးချန်က ထိုသို့ပြောပြီးနောက် ရယ်နေသည်။

"ကောင်းပြီ၊ ဒါဆို ဒီပြဿနာပြီးသွားပြီ။ အခုကျန်တော့တာ ခင်ဗျားတို့နှစ်ယောက် ဖြေရှင်းဖို့ပဲ။" လင်းကျန်က ချိုးပင်းနှင့်ကျိုးရှန်တို့ကို အဓိပ္ပာယ်ပါပါကြည့်ကာပြောသည်။

လင်းကျန်၏အကြည့်ထဲမှ အေးစက်မှုကို အာရုံခံမိကာ ချိုးပင်းနှင့်ကျိုးရှန်းတို့ တုန်သွားသည်။ "သခင်လေး။"

"ခင်ဗျားတို့နှစ်ယောက်က ပြိုင်ချင်နေမှတော့ အကြိတ်အနယ်ချကြလေ။ ရလဒ်က ဘာပဲဖြစ်ဖြစ် ဆောင်ကြာမြိုင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ခင်ဗျားတို့မငြင်းခုံတော့ဖို့ ကျွန်တော် မျှော်လင့်တယ်။ ဖြောင့်မတ်တဲ့လူတစ်ယောက်က အဲ့လိုအမြင်မကျဉ်းသင့်ဘူး။ ခင်ဗျားတို့ လုပ်ခဲ့တာအတွက် ကျွန်တော်ရှက်မိတယ်။ ရှုံးသွားတဲ့တစ်ယောက်က ဘာအာဃာတမှ မထားနဲ့။ အဲ့ဒါ အရည်အချင်းမပြည့်မှီလို့ပဲ။ ခင်ဗျားလုပ်နိုင်တာက ကြိုးကြိုးစားစားလေ့ကျင့်ပြီး နောက်တစ်ပွဲကိုအနိုင်ယူဖို့။"လင်းကျန်ကပြောသည်။

ချိုးပင်းနှင့် ကျိုးရှန်းတို့ အနည်းငယ်စိတ်သက်သာရာရသွားသည်။ သို့သော် သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သောအခါ မျက်လုံးများတွင် ဒေါသအပြည့်ပင်။

လင်းကျန်ရှိနေသောကြောင့် သူတို့ကအစတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားသေးသည်။ သူတို့နှစ်ယောက်လုံးက လက်နက်မသုံးဘဲ လက်ဗလာဖြင့်ချကြသည်။ သူတို့နှစ်ယောက်က အကြိမ်ရေအနည်းငယ်မျှ လက်ရည်စမ်းပြီးနောက် ခပ်ပြင်းပြင်းထိုးကြတော့သည်။ တဖြည်းဖြည်းဖြင့် သူတို့၏ဒေါသမြင့်တက်လာကာ အားကုန်သုံး၍ တိုက်ခိုက်ကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now