137

2.9K 614 9
                                    

ခင်ဗျားက ကျွန်တော့်ကို သတ်ချင်တာလား။
ငရဲမှာ သွားစောင့်နေလိုက်။
......................................................

ထိုလူက အစေခံအချို့နှင့် သက်လတ်ပိုင်းအရွယ် သူကြွယ်ကုန်သည်အဖြစ်ရုပ်ဖျက်ထားပြီး ဤနေရာကို လူကြားထဲမှ စောင့်ကြည့်နေသည်။ အပေါ်ယံတွင် သူကဝိုင်းကြည့်နေသောဒေသခံများကဲ့သို့ပင် စပ်စုလိုဟန်ပေါ်နေသော်လည်း သူ၏မျက်လုံးများထဲတွင် စိုးရိမ်သောကရိပ်များပေါ်နေသည်။ သူကဝိုင်းဝန်းတိုက်ခိုက်ခံနေရသော အယောင်ဆောင်ကျားကျုံးကို စိုက်ကြည့်နေသည်။ အယောင်ဆောင်သူက ထိုအဝန်းအဝိုင်းထဲမှမထွက်နိုင်တော့သည်ကို သူသိသောအခါ လူအုပ်ထဲမှတိုးထွက်ရန်ကြိုးစားသည်။ ယင်းအဖြစ်က သူသည် ထွက်ပြေးရန်ကြိုးစားနေကြောင်း သိသာသောလက္ခဏာပင်။

ပို၍အရေးကြီးသည်မှာ ထိုကုန်သည်၏ပုံရိပ်က ကျားကျုံးနှင့် ထူးထူးခြားခြားဆင်နေသည်။

လင်းကျန်က ရဲခေါင်းဆောင်လီကိုခေါ်ကာ တစ်စုံတစ်ခုတီးတိုးပြောလိုက်သည်။ ရဲခေါင်းဆောင်လီ၏မျက်လုံးများတောက်ပသွားကာ ရုံးတော်သားအားလုံးကို လက်ဟန်ပြ၍ခေါ်လိုက်ပြီး လူအုပ်ထဲသို့ဝင်သွားသည်။

လင်းကျန်က ကုန်းနီးပေါ်သို့တက်ကာ ထိုလားရာဘက်သို့ ကြည့်လိုက်သည်။

သူကြွယ်ကဲ့သို့ဝတ်စားထားသူ၏မျက်လုံးများက လင်းကျန်၏မျက်ဝန်းများနှင့်ဆုံသောအခါ မလုံမလဲဖြစ်နေသကဲ့သို့ အကြည့်လွှဲသွားသည်။ သူက မည်သူဖြစ်ကြောင်း ပေါ်သွားတော့မည်ကို သဘောပေါက်သွားသည့်လား လူအုပ်ထဲမှတိုးထွက်ရန် ပိုကြိုးစားလာသည်။

ဤအခြင်းအရာကိုမမြင်ခင်တွင် လင်းကျန် ခုနစ်ဆယ်ရာခိုင်နှုန်းမျှသေချာသည်ဆိုလျှင် ယခုအခါ သူကိုးဆယ်ရာခိုင်နှုန်း သေချာသွားသည်။

ရဲခေါင်းဆောင်လီက မအောင်မြင်ခဲ့သောတာဝန်အား ဝန်ဆောင်မှုကောင်းဖြင့် ပြန်ထေချင်နေရာ ယခုတစ်ကြိမ်တွင် အလွန်လျင်မြန်စွာလုပ်ဆောင်ခဲ့သည်။ မကြာခင်တွင် သူနှင့်သူ၏နောက်လိုက်များက ထိုကုန်သည်ရှိနေသောလူအုပ်ကို ဝိုင်းလိုက်သည်။ တဖြည်းဖြည်းနှင့် ထိုကုန်သည်နားမှလူများက တစ်စုံတစ်ရာမူမမှန်သည်ကို ခံစားမိကာ ထိုအဝိုင်းခံရသည့်နေရာမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားသည်။ ရုံးတော်သားများက ဖြည်းဖြည်းချင်းအရှိန်ရလာကာ မကြာခင်တွင် ထိုအဝိုင်းခံရသည့်နေရာ၌ သူကြွယ်ကုန်သည်နှင့်သူ၏အစေခံများသာ ကျန်တော့သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now