63

6.4K 1K 8
                                    

သတ္ထုတွင်းကို အတူတကွ စုံစမ်းခြင်း
..............................................

"ကိုယ်မင်းအတွက် လုပ်ပေးနိုင်တာများရှိလား။" ကျားယွမ်လင်းအား လိုက်ပို့သည့်အဖွဲ့ အဝေးသို့ရောက်သွားစဉ်တွင် ယွီဝမ်ထုန်ကမေးသည်။

"ရတယ်။" လင်းကျန်ကပြောသည်။ သူက သူ့ဦးလေး၏ စီစဉ်ပုံအား ယုံကြည်သည်။ သူတို့က ကျားယွမ်လင်းကို နယ်စပ်သို့ အသက်ရှင်ရက် ရောက်ခွင့်ပေးမည်မဟုတ်ပေ။

ယွီဝမ်ထုန်က လင်းကျန်အား တစ်ချက်ကြည့်ကာ ဘာမှမပြောတော့ပေ။ သူက လင်းကျန်၏ သဘောထားကြောင့် တစ်ခုခုကို ထွင်းဖောက်မြင်သွားသည့်ပုံပင်။

"အနောက်ဘက်တောင်ဆီ သွားရအောင်။" လင်းကျန်က မတ်တပ်ရပ်ကာပြောသည်။

ထို့နောက် ယွီဝမ်ထုန်နှင့် လင်းကျန်တို့က လက်ဖက်ရည်ဆိုင်မှ အတူတကွထွက်လာကြသည်။

"အနောက်ဘက်တောင်မှာရှိတဲ့ သတ္ထုတွင်းကိုရောက်ဖို့ နှစ်နာရီလောက်ကြာလိမ့်မယ်။ ကျွန်တော်တို့ မြင်းနှစ်ကောင်ငှားဖို့လိုတယ်။" လင်းကျန်ကပြောသည်။

သတ္ထုတွင်းများနှင့် ဆေးစိုက်ခင်းများက ထန်းယန်မြို့ပြင်၌ တည်ရှိရာ မြင်းများမှာ အလိုအပ်ဆုံး သွားလာရေးနည်းလမ်းပင်။ အနောက်ဘက်တံခါးပေါက်အနီး၌ မြင်းဆိုင်တစ်ဆိုင်ရှိသည်။ လင်းကျန်က မြင်းနှစ်ကောင်ငှားကာ ယွီဝမ်ထုန်နှင့်အတူ မြို့ထဲမှထွက်လာသည်။ မြို့ထဲမှမထွက်ခင်တွင် လင်းကျန်က ယွီဝမ်ထုန်၏ တွေ့ရခက်သောအစောင့်များအား တစ်စွန်းတစ်စ တွေ့နိုင်မလားဟု ရှာကြည့်သော်လည်း အရိပ်တစ်ခုကိုပင် မတွေ့ချေ။

"မင်း ဘာတွေရှာနေတာလဲ။" ယွီဝမ်ထုန်ကမေးသည်။

"ခင်ဗျားနဲ့...ကျွန်တော်ပဲလား။" လင်းကျန်က ယွီဝမ်ထုန်ကို ကြည့်လိုက်သည်။

ယွီဝမ်ထုန်က မျက်ခုံးပင့်၍ပြောသည်။ "ကိုယ်က အရာအားလုံးကို ကိုင်တွယ်နိုင်ပါတယ်။ သွားရအောင်။ "

ယွီဝမ်ထုန်၏နောက်သို့ တစ်နေ့လုံးလိုက်ကာ ကာကွယ်ပေးနေသော ကိုယ်ရေးကိုယ်တာအစောင့်များအကြောင်းတွေးမိသောအခါ ယခုတစ်ခါတွင်လည်း သူတို့ကလက်လျှော့၍ မလိုက်ဘဲနေမည်ဟု လင်းကျန်မထင်ပေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now