43

5.8K 995 5
                                    

မင်း တခြားဘာမှတ်မိသေးလဲ။
.....................................

လင်းကျန်ထံမှ မိဘများအကြောင်းပြောသံကို ကြားသောအခါ လင်းကျိုးဝမ်၏မျက်နှာထားပြောင်းကာ မျက်ဝန်းများမှေးမှိန်သွားသည်။

"မင်းက မင်းမိဘတွေအကြောင်း အမြဲတမ်းသိချင်နေခဲ့တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းကတအားသိတတ်တော့ အဲ့ဒါကိုရင်ထဲမှာပဲသိမ်းထားပြီး ထုတ်မမေးဘူး။"

ထိုင်ပြီးနောက် လင်းကျိုးဝမ်က လင်းကျန်ကိုထိုင်ရန် လက်ဟန်ပြသည်။

"မင်းကြားသွားရင် ဝမ်းနည်းသွားမှာစိုးလို့ မိသားစုထဲမှာ မင်းမိဘတွေအကြောင်းပြောတာကို တားမြစ်ထားတာ။ မင်းအမေသေပြီး မင်းအဖေ အိမ်ကနေ ထွက်သွားတော့ မင်းနေ့တိုင်းငိုနေခဲ့တယ်။ ဝမ်းနည်းတာက မင်းရဲ့ခန္ဓာကိုယ်အပေါ်ထိခိုက်လာမှာကို ငါနဲ့မင်းအဖိုးတို့ကစိုးရိမ်လို့ အစေခံတွေကို မင်းအရှေ့မှာ မင်းမိဘတွေအကြောင်း မပြောဖို့တားထားတာ။ ပြီးတော့ မင်းကိုအာရုံလွှဲပြီး ဝမ်းမနည်းတော့အောင် ငါတို့ တော်တော်အားစိုက်ခဲ့ရတယ်။"

"ဒီလောက်နှစ်တွေအများကြီးကြာမှ မင်းအမေသင်ပေးခဲ့တဲ့ အစီအရင်တွေအကြောင်းကို မင်းရုတ်တရက်မှတ်မိလာမယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းအခုမှတ်မိသွားပြီ၊ အရွယ်လည်းရောက်လာပြီဆိုတော့ မင်းရဲ့မိဘတွေအကြောင်း တစ်စုံတစ်ခုကို ငါပြောရဦးမယ်။ အဲ့မတိုင်ခင် အစီအရင်တွေအပြင် မင်းဘာကိုမှတ်မိသေးလဲဆိုတာ ငါ့ကိုပြောပြဦး။"

လင်းကျိုးဝမ်က လင်းကျန်ကို သေချာကြည့်နေသည်။ သူက လင်းကျန်၏ စိတ်ထဲ၌ တစ်စုံတစ်ခုသိုဝှက်ထားမည်ကို စိုးရိမ်နေသည်မှာ သိသာသည်။

ဦးလေးဖြစ်သူ၏စကားကို နားထောင်ပြီးနောက် လင်းကျန်သိချင်လာသည်။ သူ့ဦးလေး၏စကားအရ သူတို့က သူ့မိဘအကြောင်းတစ်စုံတစ်ခုအား သူ့အပေါ်ကွယ်ဝှက်ထားသည်ကို ပြသနေသည်။

ထိုသို့တွေးနေချိန်တွင် လင်းကျန်က ဝတ်ထားသော ကျောက်စိမ်းအားထိနေမိသည်။ သူ့အမေက အဆိပ်ရာကျော်အား ဖြေပေးနိုင်သည့် ဤအံ့ဖွယ်ဆေးကျောက်စိမ်းပြားကို ပေးခဲ့ရာ သူ့အမေ၏ဇာတ်မြစ်အား သူအလွန်သိချင်မိသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now