38

6.2K 1K 5
                                    

ငါက အသည်းခွဲသမားလား။
....................................

"မင်းက စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်ပေါ့။"

" အတင့်ရဲလိုက်တာ။ လင်းမိသားစုက စေ့စပ်ပွဲကိုတောင် ဖျက်သိမ်းရဲတယ်။ သူတို့ကို တရားရုံးဆီခေါ်သွားစမ်း။"

အရပ်ရှည်နှင့်လူတစ်ယောက်က အလင်းကိုနောက်ကျောပေး၍ သူ့ထံသို့လာနေသည်။ ထိုလူ၏မျက်နှာကို လင်ကျန် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်းသည် ဒေါသဖြင့်ကြမ်းကြုတ်နေပြီး သူ့အား အသည်းခွဲသမားတစ်ယောက်ကဲ့သို့ ကြည့်နေသည်ကို မြင်ရသည်။

ထိုလူ့က သူ့ကော်လံကိုလှမ်းဆွဲကာ ဟောက်သည်။ "လုံးဝမရဘူး။"

သူ၏ အန္တရာယ်များသောအကြည့်များက လင်းကျန်ထံတွင်သာ စွဲငြိနေပြီး သူ့ကိုချုပ်နှောင်ထားရာ အသက်ရှူပင်ကြပ်လာရသည်။

မဟုတ်ဘူး။ အဲ့ဒါက ဒီလိုမဟုတ်ဘူးလေ။ ငါက စေ့စပ်ထားတာကို ဖျက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ငါကဒီအတိုင်း...

"ဟာ့..." လင်းကျန် ဗြုန်းခနဲ မျက်လုံးပွင့်လာပြီး သူ့အိပ်ရာ၏ ရင်းနှီးနေသောအမိုးကို ငေးကြည့်နေမိသည်။ အိပ်မက်ထဲ၌ သူ့ကိုစိုက်ကြည့်နေခဲ့သော မျက်ဝန်းတစ်စုံက သူ့စိတ်ထဲတွင် ခြောက်လှန့်နေဆဲပင်။ နှလုံးသားကလည်း တဖျပ်ဖျပ်ခုန်ကာ ထိတ်လန့်နေမိသည်။

ဘာတွေ ဖြစ်နေတာလဲ။ သူ ဒီလိုထူးဆန်းတဲ့အရာတွေကို ဘာလို့အိပ်မက်မက်ရတာလဲ။

လင်းကျန် နှဖူးပေါ်မှချွေးများကို လက်မြှောက်၍သုတ်လိုက်သည်။ ထို့နောက် သူ့ရင်ဘတ်ပေါ်၌ လေးလံကာ အသက်ရှူရခက်သကဲ့သို့ ခံစားရသည်။

သူ ငုံကြည့်လိုက်သောအခါ ရင်းနှီးသောဗွေနှင့် ခေါင်းတစ်လုံးကိုမြင်လိုက်ရသည်။ ထိုအဖြစ်က မီးဖိုအသေးတစ်လုံးထံမှ အဖက်ခံထားရသလိုပင်။ ကောင်ကလေးက သူ့အပေါ်တွင်လှဲကာ ဟောက်နေသည်။

လင်းကျန် "..."

သူတစ်ယောက်တည်း အိပ်ရာဝင်ခဲ့ကြောင်း မှတ်မိသည်။ လင်းမောက်မောက် ဘယ်တုန်းက ရောက်လာခဲ့သနည်း။ သူ ကိစ္စတစ်ခုကိုပင် ဘာကြောင့်မမှတ်မိနိုင်သနည်း။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now