85

4.9K 799 33
                                    

မင်းက ဦးလေးကို အပြင်လူလိုမျိုး သဘောထားနေပြီလား။
.......................................................................

"သတ္ထုတွင်းကြီးကြပ်သူက သိုသိပ်တဲ့လူဆိုပေမဲ့ အမျိုးသမီးတွေကိုလည်း တပ်မက်ပါတယ်။ သူ့ဇနီးအပြင် ကိုယ်လုပ်တော်တချို့ရှိပေမဲ့ ဆောင်ကြာမြိုင်အမျိုးမျိုးရဲ့ ပုံမှန်ဖောက်သည်လည်းဖြစ်ပါတယ်။ မက်မွန်ပွင့်ချပ်ဥယျာဉ်မှာရှိတဲ့ အမျိုးသမီးကျင်းဝုက သူ့ရဲ့အချစ်သစ်လေးပါ။ ဒါပေမဲ့ သူမက သတ္ထုတွင်းကြီးကြပ်သူဆီကနေ ယုံကြည်ခံရတာက တအားအံ့ဩစရာကောင်းပါတယ်။"

"သူမကသာ သာမန်ပြည့်တန်ဆာဆိုရင် လင်းကျောက်ဝမ်က သတ္ထုတွင်းကြီးကြပ်သူကို ခြယ်လှယ်ဖို့ လွှတ်မှာမဟုတ်ဘူး။"

"ဒုသခင်ကြီးလင်းကလည်း ကျားမိသားစုရဲ့ စာရင်းစာအုပ်ကိုလိုချင်နေတယ်။ ကျွန်တော်တို့..."

"သူက သတ္ထုတွင်းကြီးကြပ်သူ သတိမထားမိခင် စာရင်းစာအုပ်ကိုရနိုင်မဲ့နည်းလမ်းတစ်ခုကို ရှာပြီးမှတော့ ငါတို့မလိုအပ်တဲ့ပြဿနာ မတက်တော့ဘူး။ ဒီည လျှိုလေး ရောက်လာရင် ငါလင်းကျောက်ဝမ်နဲ့တိုင်ပင်ပြီး သူ့ကိုမက်မွန်ပွင့်ချပ်ဥယျာဉ်ဆီ ပို့လိုက်မယ်။"

"ကျွန်တော် သိပါပြီ။"

*****

ယခုနေဝင်တော့မည်ဖြစ်သည်။ အိမ်တိုင်းတွင် အလုပ်အများဆုံးအချိန်ဖြစ်ပြီး လင်းမိသားစုသည်လည်း ခြွင်းချက်မဟုတ်ပေ။ သခင်များ ပြန်လာလေပြီ။ အစေခံများက သခင်များအား ခစားလျှင်ခစား၊ သို့မဟုတ် စားဖိုဆောင်၌ ပျားပန်းခတ်မျှလှုပ်ရှားနေရရာ နားချိန်ပင်မရှိချေ။

လင်းမိသားစု၏ အနောက်တံခါးပွင့်လာသည်။ ယနေ့တွင်အမဲလိုက်လာသော မုဆိုးတစ်ယောက်က သားကောင်ကိုလာပေးသည်။ အသက်ရှင်ရက် ဖျတ်ဖျတ်လူးနေသော ငါးပုံးကြီးတစ်ပုံးအား ယူလာသော ငါးဖမ်းသမားတစ်ယောက်လည်း ရှိသည်။

အမဲကောင်နှင့် သစ်သားပုံးအကြီးကိုသယ်ရန် လူအနည်းငယ်လိုအပ်သည်။ အစေခံများက အနောက်တံခါးမှ ဝင်လိုက်ထွက်လိုက်နှင့် ဆက်တိုက်အော်ဟစ်နေကြသည်။ လင်းမိသားစု၏ အိမ်တော်ထိန်းက မုဆိုးနှင့် ငါးဖမ်းသမားတို့အား ကျသင့်ငွေရှင်းပေးပြီးနောက်တစ်ကြိမ်အတွက် မှာနေသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now