25

6.4K 1K 5
                                    

နောက်ကျလွန်းနေပြီလားတောင် မသိဘူး
..................................................

ယွီဝမ်မိသားစုနှင့် စေ့စပ်ထားမှုက သူ့ရင်ဘတ်ပေါ် ဖိထားသောကျောက်တုံးတစ်ခုနှင့်တူသည်။ ၎င်းက သူ့အား အသက်ရှူမကျပ်စေသော်လည်း ကသိကအောက်ဖြစ်စေသည်။

ကံမကောင်းသည်မှာ ထန်းယန်က မြို့တော်နှင့် ဝေးသည်။ သူက စေ့စပ်ပွဲကိစ္စတစ်ခုတည်းကြောင့် မြို့တော်သို့မသွားနိုင်ပေ။ စေ့စပ်ပွဲဖျက်သိမ်းစာကို ထိုလူများ၏မျက်နှာတည့်တည့်သို့ပစ်ပေါက်ချိန်တွင် ဖြစ်သွားမည့်မျက်နှာထားများအား မမြင်နိုင်ခြင်းမှာ နှမြောစရာပင်။

"အစ်ကိုကြီး" လင်းကျန်၏ရင်ခွင်ထဲ၌ ထိုင်နေသော လင်းမော့မော့က လင်းကျန်အားမော့ကြည့်သည်။ "အဖိုးက အစ်ကိုကြီးကို ခေါ်နေတယ်။"

လင်းကျန်က အတွေးထဲမှ မြန်မြန်ထွက်လာပြီး လင်းရှင်းကျုံအားကြည့်သည်။

"မင်း ငါတို့မိသားစုထဲက အစေခံတွေကို စစ်ထုတ်ပစ်ချင်လား။" လင်းရှင်းကျုံကမေးသည်။

လင်းကျန်ကပြန်ပြောသည်။ "အဖိုး၊ ကျွန်တော်တို့မိသားစုက ကျားမိသားစုတို့၊ ကျန်ချောင်းတို့နဲ့ မျက်မုန်းကျိုးသွားပြီလို့ ကျွန်တော်ထင်တယ်။ သူတို့က ကျွန်တော်တို့ လင်းမိသားစုကို တအားမုန်းတီးနေကြလောက်တယ်။ သူတို့က ကျွန်တော်တို့ကို ပေါ်ပေါ်ထင်ထင်နဲ့ တစ်ခုခုမကောင်းမကြံလောက်ပေမဲ့ ခိုးကြောင်ခိုးဝှက်နဲ့ လုပ်ကြံကြမှာ သေချာတယ်။ ကျွန်တော်တို့ဘက်ကနေ ကြိုတင်ပြင်ဆင်ပြီး သူလျှိုတွေကို ရှင်းထုတ်ထားရင် ပိုကောင်းမယ်။"

လင်းရှင်းကျုံက စိတ်ကျေနပ်စွာ ခေါင်းညှိတ်ပြသည်။ "မင်းစကားတွေက တကယ် အဓိပ္ပါယ်ရှိတယ်။ ဒီတော့ မင်းအလိုရှိသလိုလုပ်လိုက်။"

"ဟုတ်ကဲ့ပါ။" လင်းကျန်က ပြန်ဖြေလိုက်ကာ ဖုချိုက်ဝေအား ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့မိသားစုမှာ အစေခံတွေ စီစဉ်ထားပုံကို အဒေါ်အသိဆုံးပဲ။ ဒါ့ကြောင့် ကျွန်တော်သူတို့ကို စစ်ထုတ်နေတုန်း အဒေါ်ကကျေးဇူးပြု၍ ကြီးကြပ်ပေးပါဦး။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now