ဒီမှာ အရှင်ဧကရာဇ်ရဲ့အမိန့်ပြန်တမ်း
............................................'တကယ့်အကြောင်းပြချက်က အဲ့ဒါသာဆိုရင် တော်တော်နာကျင်စရာပဲ။' ယွီဝမ်ထုန်က ရှက်ကိုးရှက်ကန်းဖြင့်တွေးသည်။
ပါးအို့များရဲနေသည့် လင်းကျန်သည်လည်း သူ၏လုပ်ရပ်ကို ယခုမှသတိထားမိကာ အနည်းငယ်ကိုးရိုးကားယားဖြစ်နေသည်။ "ကျွန်တော်..."
သူ့မျက်နှာပေါ်ရှိ ကသိကအောက်အမူအရာက ယွီဝမ်ထုန်အားပို၍အထင်လွဲစေသည်။ သူက နစ်နာသွားသောအကြည့်ဖြင့် မေးသည်။ "ကိုယ်မင်းကို ကသိကအောက်ဖြစ်အောင် လုပ်မိတာလား။"
'အာ၊ ဒါက ဘယ်လိုမေးခွန်းကြီးလဲ။' လင်းကျန်က ယွီဝမ်ထုန်ကိုကြည့်ရန်ခေါင်းမော့လိုက်သောအခါ တစ်ဖက်လူ၏မျက်ဝန်းများထဲမှ နစ်နာသွားသောအကြည့်ကိုမြင်လိုက်ရသည်။ သူရုတ်တရက်အလင်းပေါက်သွားကာ မျက်နှာပေါ်မှ ရှက်ကိုးရှက်ကန်းအမူအရာအားလုံး ပျောက်သွားပြီး ယွီဝမ်ထုန်ကဲ့သို့သောလူပင် ဤကိစ္စမျိုး၌ ကသိကအောက်ဖြစ်တတ်တာပဲဟု တွေး၍ ရယ်မိသည်။
သူ၏ရယ်သံက ယွီဝမ်ထုန်အား ပို၍မခံမရပ်နိုင်ဖြစ်စေပြီး မျက်နှာကြွက်သားများတောင့်သွားသည်။ တဖြည်းဖြည်းနှင့် သူ့မျက်နှာ စူပုပ်ပုပ်ဖြစ်လာကာ ရေချိုးကန်ထဲမှ ရုတ်ခြည်းထွက်လာသည်။
သူဒေါသထွက်ကာ ထွက်သွားတော့မည်ဟု လင်းကျန်ထင်ကာ အမြန်တားရန်ကြိုးစားလိုက်သည်။ "ခဏနေဦး။ ကျွန်တော်က...ဟေး..."
လင်းကျန် စကားဆုံးအောင်မပြောရသေးခင်တွင် ယွီဝမ်ထုန်က တဘက်တစ်ခုကို ယူကာလှည့်လာပြီး သူ့ကိုပတ်ပေးသည်။ ထို့နောက် ယွီဝမ်ထုန်က သူ့ကိုရင်ခွင်ထဲတွင်ချီကာ ရေချိုးကန်ထဲမှထုတ်လိုက်ပြီး အပြင်ဘက်သို့လျှောက်သွားသည်။
လင်းကျန် မှင်တက်သွား၏။ "ခင်ဗျား ဘာလုပ်နေတာလဲ။""အရှက်ရတာတွေကို ပျောက်သွားအောင်လုပ်မလို့။" ယွီဝမ်ထုန်ကပြန်ပြောသည်။
လင်းကျန် ရှက်ကာ ပြောစရာမဲ့သွားသည်။
"ခင်ဗျား ဘယ်အရှက်ရတာကို ပြောချင်တာလဲ။"
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...