Part_1.

10.8K 525 13
                                    

ပါးပါး ရှောင်းချန်ယွိ ၊ မားမား မေယုရှန်းတို့ရဲ့ သားရှောင်းကျန့် လေးတို့နေတဲ့ အိမ်ရဲ့ အနောက်ဘက်က အိမ်ကို လူသစ်တွေ အိမ်ပြောင်းရောက်လာခဲ့ကြတယ်။ရှောင်းကျန့်လေးက အခုမှ ၅နှစ်ပင်ရှိသေးသည်။

"သား...ရှောင်းလေး အနောက်အိမ်မှာလူသစ်တွေရောက်လာတယ် မားမားတို့သွားမိတ်ဆက်ရအောင်"

ယုန်ရုပ်လေးနဲ့ ဆော့နေတဲ့သားလေးကို ရှောင်းမား ခေါ်လိုက်သည်။ ခင်မင်မှုရအောင် ပြင်ထားတဲ့ မုန့်ဗူးလေးနဲ့အတူ သားလေးလက်ကို ဆွဲပြီး အနောက်အိမ်ဘက် ကို ထွက်လာခဲ့သည်။ခြံတံခါးဖွင့်ထား တာကြောင့်  အိမ်ပေါက်ထိဝင်သွားလိုက်သည်။ ပိတ်ထားတဲ့ တံခါးကို ၃ချက်လောက်ဆင့်ခေါက်လောက်မှ တံခါးလာဖွင့်သည့် အမျိုးသမီးတစ်ဦး။

"ကျမက အရှေ့အိမ်ကလေ နာမည်က မေယုရှန်းပါ လူသစ်ပြောင်းလာလို့လာမိတ်ဖွဲ့တာ"

"လာပါ...အရင်အထဲဝင်ထိုင်ပါအုံး။ ကျမနာမည်က မေ့ယမ်ပါ သားလေး အဖေက ဝမ်လင်းဟန် လို့ခေါ်တယ်။ ကျမလဲ ဒီပစ္စည်းတွေ ချပြီး လာတော့မလို့ တိုက်ဆိုင်သွားတယ်။

"သား နဲ့ ယောကျာ်းရောမတွေ့ပါလား"

"ဝမ်ပါးက လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်နေလေရဲ့။ သားလေးက ရှိတယ်..ခေါ်လိုက်အုံးမယ်နော်။

မေ့ယမ်က တကယ်ဖော်ရွေတဲ့ပုံပင် ပြုံးပြုံး ပြုံးပြုံးနဲ့ စကားအပြောလေးကလည်း ယဥ်ကျေးသည်။သူ့လာပေးမုန့်ထက် ချကျွေးလာတဲ့ မုန့်တွေက ပိုများနေသည်လေ။

"သားဝမ်လေး ဖြည်းဖြည်းဆင်းလာပါကွယ်"

ရှောင်းကျန့်မုန့်စားနေရင်း အရှေ့ကအန်တီအသံကြောင့် မော့ကြည့်မိလိုက်သည်။ လှေကားက ဆင်းလာတဲ့ကလေး လေးက ဖြူဖြူလုံးလုံးကြီး ချစ်စရာကြီး။ကလေးလေးက သူ့အမေနား မသွားပဲ သူ့အနားလာကပ်ထိုင်သည်။လာကပ်ထိုင်တဲ့ကလေးက စကားလည်း ဘာမှမပြောတာကြောင့် သူပဲအရင်စပြောလိုက်သည်။

"နာမယ်...ဘယ်ရိုထော်လဲ။နာမယ်ကချောင်းကျန့် နား နှစ်ရှိပီ"

ဝမ်ရိပေါ် မားမားခေါ်သံကြောင့် အောက်ဆင်းလာရင်း ယုန်သွား၂ချောင်းနဲ့ မုန့်တွေဝါးနေကာ သူ့ကို ကြည့်နေသည့် အရာနား သွားကပ်ထိုင်လိုက်သည်။ လူလား ယုန်လား သိချင်တာကြောင့်ပင်။ခွဲခြားဖို့ ထိကြည့်ရမလား မထိရမလား တွေဝေနေတုန်း သူ့နာမည်မေးလာတာကြောင့် လူဖြစ်နေတယ်ဆိုတာဟသိလ်ုက်သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now