Part_26.

3.4K 237 27
                                    

"ရိပေါ်...ဘာလို့ငိုနေတာလဲ"

"ရိပေါ်....ဘာဖြစ်လို့လဲဟင်"

သီချင်းဆိုပြီးဆင်းလာတဲ့ ရိပေါ်က မျက်ရည်တွေကျကာ ငိုနေတာကြောင့် ချန်ယောင်း နဲ့ ရှိစ့်က မေးလိုက်သည်။ အတွေးလွန်ကာ လမ်းဆက်လျှောက်နေတဲ့ ရိပေါ်နောက်ကိုသာ သူတို့အကုန်လုံး တိတ်ဆိတ်စွာ လိုက်နေလိုက်သည်။စကားတစ်ခွန်းမှ မပြောသေးတဲ့ ရိပေါ်ကို ပုခုံးကနေဆွဲလှည့်ကာ ဖုန်းရွှီအရင်စကား စ ပြောလိုက်သည်။

"ရိပေါ်...ဘာဖြစ်တာလဲ ငါတို့ကိုပြောအုံး"

"ငါမသိဘူး...ငါဒီသီချင်းကိုဆိုတော့ ငိုချင်တယ် တစ်စုံတစ်ခုကိုလွမ်းနေသလိုမျိုးပဲ ရင်ထဲမွန်းကြပ်လာတယ်"

"ဟားဟား....တခါမှမထားဖူးတဲ့ ရည်စားကို လွမ်းနေတာလား "

ချန်ယောင်းက ရိပေါ်စကားကြားပြီး ထရယ် ကာ ဟာသနှောပြီး ပြောလိုက်ပေမယ့် ရိပေါ်ပုံစံက အတည်ကြီးဖြစ်နေတော့ ချန်ယောင်း ကိုယ့်ပါးစပ်ကိုပြန်အုပ်ကာ ရပ်တန့်လိုက်သည်။

"ရိပေါ်.....နေမကောင်းလို့လား"

ရိုစ့် စင်ပေါ်မှာ ရိပေါ် သီချင်းဆိုနေကတည်းက မျက်ရည်ကျနေတာ သူတွေ့သည်။ စင်ပေါ်မှာတုန်းက မောင့်အသက်အတွက်ဆိုတာ သူ့ကို ပြောနေတာများလား။ အခုလို ပုံစံကို သူမမြင်ဖူးတာကြောင့် ဘာမှစကားမပြောပဲ ငြိမ်ငြိမ်လေးအကဲခတ်ကြည့်နေလိုက်သည်။ရိပေါ် မျက်နှာမကောင်းမှ ရိုစ့်ရိပေါ် လက်မောင်းကိုဆုတ်ကိုင်ကာ ​မေးလိုက်သည်။သူ့လက်ကို အသာဖယ်ချရင်း ခေါင်းခါပြတဲ့ ရိပေါ်ကို ရိုစ့် ဖွင့်ပြောမိချင်ပြီ အခုလို ရိပေါ် စိတ်မကောင်းဖြစ်ချိန် သူထွေးဖတ်နှစ်သိမ့်ပေးချင်မိသည်။ရိပေါ်က ရည်စားတခါမှ မထားဖူးတော့ သူ့ကိုဖွင့်ပြောဖို့ခက်နေတာများလား။

"ဒါနဲ့...မင်းသီချင်းဆိုတုန်းက ဒီသီချင်းက မောင့်အသက်တွက် လို့ ဘာလို့ပြောရတာလဲ .....ငါသိချင်လိုမေးတာနော် "

ဖုန်းရွှီ သူတင် သိချင်တာမဟုတ် ချန်ယောင်းတို့ ရိုစ့် တို့ပါ သိချင်နေတာ ။ ရိပေါ် စင်ပေါ်မှာ အဲ့စကားပြောတုန်းက သူတို့တကယ် အံသြနေခဲ့သလို ရိုစ့်မျက်နှာ ရဲတက်လာတာကိုပါ သူ့တို့တွေ့လိုက်သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Unde poveștirile trăiesc. Descoperă acum