Part_34.(End)

6.7K 290 26
                                    

ရှောင်းကျန့် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်ရသည် အရာအားလုံးက ဝေဝါးနေပြန် အချိန်တစ်ခုအကြာ သူစမြင်ရတဲ့အရာက အဖြူရောင် မျက်နှာကျက်တစ်ခု ၊ သူမသေ သေးတာလား...

"ရှောင်းကျန့်...သတိရပြီလား "

"ရှောင်းကျန့်...ငါ့တို့ကို မြင်ရလား"

လင်းဖန်အသံ နဲ့အတူ သူ့ဆီအပြေးရောက်တဲ့ ဖုန်းရွှီကိုပါ ရှောင်းကျန့် မြင်ရတယ်ဆိုတဲ့အကြောင်း ခေါင်းညိမ့်ပြလိုက်သည်။သူမြင်ချင်တဲ့ မောင့်ကိုမတွေ့ရသေးပါ နှာခေါင်းကို ဖုံးအုပ်ထားတဲ့ အသက်ရူပိုက်ကို ဆွဲဖြုတ်ပြီး အမြန်ထထိုင်လိုက်သည်။ထိုးကိုက်လာတဲ့ ခေါင်းကို ဖိရင်း အရှေ့ကလူတွေကိုမေးရသည်...

"ရှောင်းကျန့်...ဖြည်းဖြည်း ဘာလို့ဆွဲဖြုတ်ရတာလဲ"

"မောင်ရော.."

"ရှောင်းကျန့်....စိတ်အေးအေးထား ၊ မင်းအိမ်ကလူတွေအခုလေးတင်အိမ်ခနပြန်သွားတာ မင်းအတွက်လိုအပ်တာတွေ သွားယူတယ် မင်သတိမေ့နေတာ ၄ရက်တောင်ရှိနေပြီ။"

"လင်းဖန်!!!!"

"ငါမေးနေတာ မောင့်ကို"

ရှောင်းကျန့် မောင့်ကိုမတွေ့ စိတ်မကြည်နေရတဲ့ကြားထဲ လင်းဖန်က စကားလမ်းကြောင်းလွဲနေတာကြောင့် ဒေါသအသံနဲ့အတူအော်ထုတ်လိုက်ရသည်။သူအော်လိုက်မှာ ဖုန်းရွှီရော လင်းဖန်ရောက မျက်ရည်ကျကာ သူ့ကို သနားစရာကောင်းတဲ့သူမျိုး ဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကြောင့် ပိုပြီးဒေါသဖြစ်ရသည်။

"လင်းဖန်....မင်းကဘာလိုထငိုနေတာလဲ ငါ မောင့်ကိုမေးတာ မင်း စကားလမ်းကြောင်းလွဲလို့ ငါအော်လိုက်မိတာလေ"

"မဟုတ်ဘူး...ရှောင်းကျန့် မင်းစိတ်ခိုင်ခိုင်ထားပါ...ငါတို့မင်းအနားရှိနေပါသေးတယ်"

သူ့ကိုဖတ်လာကာ ငိုနေရင်းပြောနေတဲ့ လင်းဖန်ကိုယ် ကို ရှောင်းကျန့် နားမလည်စွာ အမြန်တွန်းထုတ်လိုက်ရင်း...

"လင်းဖန်....မင်းဘာအဓိပ္ပာယ်နဲ့ပြောတာလဲ"

"ရိပေါ်....ရိပေါ် သူ မရှိတော့ဘူး"

♡︎Someone Like You♥︎{မောင့်လိုလူ} Où les histoires vivent. Découvrez maintenant