Part_22.

3K 234 12
                                    

ရှောင်းကျန့် သူ့အခန်းထဲက ပလာစတာနဲ့ဆေးကိုယူကာ သူဘာသာပဲ ဓားထိသွားတဲ့ လက်ညိုးကို ဆေးထည့်ကာ ပလာစတာကပ်လိုက်ရသည်။ မားမားသိရင် လျှပ်ပြာရလားဆိုပြီး ဆူခံရအုံးမည်။
__________________________
အာ့~

"ရိပေါ်...ဘာဖြစ်တာလဲ"

ချန်းယောင်တို့ basketball ကစားနေရင်း ရိပေါ် က ရင်ဘတ်ကို ဖိကာ ကြမ်းပြင်ပေါ် ဒူးထောက်ပြုတ်ကျသွားတာမြင်တော့ သူတို့တွေ ရိပေါ်အနားသွားကာ မေးရသည်။

"မသိဘူး...ငါရင်ဘတ်ကို အပ်နဲ့ထိုးလိုက်သလိုပဲ"

ရိပေါ် ကစားနေရင်း ဆစ်ကနဲ့ သူ့ရင်ဘတ်ကနာသွားခဲ့တယ်။ အခုမှဖြစ်ဖူးတာ အတော်နာသွားလို့ ရင်ဖိကာ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ရတဲ့ အထိပါပဲ။

"မင်းအင်္ကျီက ပင်အပ်တို့ ဘာလို့ညှိပါနေတာများလား ချွတ်ကြည့်အုံး။"

ဖုန်းရွှီ ပြောတာ ဖြစ်နိုင်တော့ ရိပေါ်ရင်ဘတ်နာတာ သက်သာတာနဲ့ အင်္ကျီကို ဆွဲမ  ချွတ်လိုက်သည်။ အင်္ကျီကို လက်နဲ့ အကုန်စမ်းကာ ခါကြည့်လိုက်သည်။ ဘာမှမရှိနေပါ။

"ရိပေါ်....မင်းရင်ဘတ်က အသက်ဆိုတာ ဘာကြီးလဲ ၊ ဘယ်တုန်းက တက်တူးထိုးလိုက်တာလဲ။"

ဖုန်းရွှီ ပြောမှ ကျန်တဲ့သူတွေ ရိပေါ် ရင်ဘတ်ကို သတိထားမိကြသည်။
ရင်ဘတ် အပေါ်မှာ Tattoo ထိုးတဲ့ စာတန်းလေးက အသက် တဲ့ ။ ရိပေါ် အင်္ကျီချွတ်တာ တခါမှ မမြင်ဖူးတော့ ဒီtattoo ကို သူတို့ အခုမှမြင်ဖူးကြသည်။

"ဒါလား.....ပါးပါးပြောတာတော့ ငါ့ရဲ့ မွေးရာပါ အမှတ် လိုပါတာတဲ့"

ဖုန်းရွှီအတော်စိတ်ဝင်စားသွားသည်။ မွေးရာပါ အမှတ်ဆို အနီစက်တို့ အစိမ်းအမှတ်တို့ အနက်ရောင်အမှတ်တို့ သူအဲ့လိုသာ ကြားဖူးသည်လေ။ အခု ရိပေါ် ရင်ဘတ်က အသက် ဆိုတဲ့စာသားက ပီပြင်ထင်ရှား သပ်ရပ်သည်လေ။

"ရိပေါ်.....သက်သာရဲ့လား ဘယ်လိုနေသေးလဲ"

"သက်သာပါတယ် ရိုစ့်....ဘာမှမဖြစ်တော့ဘူး ၊ ဒါပေမယ့် ငါဆက်မဆော့ချင်တော့ဘူး"

"အေးအေး....တရုတ်ကိုခရီးထွက်ဖို့ ပြင်ဆင်ကြရအောင် အိမ်ပြန်ကြတာပေါ့"

♡︎Someone Like You♥︎{မောင့်လိုလူ} जहाँ कहानियाँ रहती हैं। अभी खोजें