Part_13

2.8K 222 6
                                    

ရိပေါ် ရေချိုးခန်းကထွက်လာတော့ အသက်က ကုတင်ပေါ်မယ် ၊ ပြန်အိပ်နေတာများလား။ရိပေါ် ကုတင်ပေါ် ဘေးစောင်းထိုင်ချလိုက်ပြီး အသက်ကို ခေါ်လိုက်သည်။

"အသက်...ပြန်အိပ်နေတာလား။ ထတော့လေ မောင်နည်းနည်းလေးကြာသွားတယ်"

အင့်ဟာ...အင့်ဟာ~

အသက်က စောင်ကိုခွာပြီး အိပ်ရာကထထိုင်ကာ သူ့ရင်ဘတ်ကို မနာကျင်တဲ့ လက်သီးဆုတ်လေးနဲ့ ထုရိုက်လာတယ်။ထုရိုက်နေတဲ့ အသက်ကိုယ်လေးကို ရိပေါ် ဆွဲဖတ်ထားလိုက်သည်။ငြိမ်သွားမှ ကိုယ်လေးကိုပြန်ခွာပြီးမေးရအုံးမည်။

"မောင့်ကိုဘာတွေ မကျေနပ်နေတာလဲ...ပြောပါအုံး"

ဟွန့်~

နှုတ်ခမ်းလေးကတစ်တောင်လောက်စူထွက်နေပြီး သူ့ကို *ဟွန့်*ကနဲ့ နှာမှုတ်ကာ ခေါင်းလေးကသူ့မကြည့်ပဲ စောင်းသွားလေသည်။သေချာကြည့်ရင် အသက်က သူ့ကို မျက်စောင်းလေးပင် ထိုးနေသလိုပဲ။ရိပေါ် အသက်ကို အူယားလွန်းလို့ ဖျစ်ညစ်ချင်လာပြီ။

"မောင့်အသက်...မောင်ဘာလုပ်မိလို့လဲ"

"ရေချိုးခန်းထဲက အသံတွေအကုန်ကြားတယ်"

"အာ...အဲ့ဒါကြောင့် အသက်က စိတ်ကောက်နေတာလား"

ရှောင်းကျန့် စိတ်ထဲကနေသာ ဒီအူတူတူမောင့်ကို အော်ဟစ်နေလိုက်သည်။ သူရှိနေတာကို ရေချိုးခန်းသုံးရလားဆိုပြီး။

"ဟွန့်~

"ကဲပါ...အသက်ရယ် ၊ လာ...မောင်တို့ ထမင်းသွားစားကြမယ်"

ရိပေါ် နဲ့ ရှောင်းကျန့် အောက်ဆင်းလာတော့ ထမင်းစားခန်းမှာ စကားပြောသံတွေကြားနေရသည်။ ဒီချိန်ဆို ပါးပါးက အလုပ်သွားနေပါပြီ။ ဧည့်သည်ရောက်နေတာများလား။

"သားတို့ ...နှိုးလာပြီလား ၊ ဒီမှာ ကျစ်လော့ဆိုတဲ့ မိန်းကလေးရောက်နေတယ် ရှောင်းအိမ်ကဧည့်သည်တဲ့"

"ဟုတ်မားဝမ်....သူက မနေ့ကမှရောက်တာ ပါးပါး ရှောင်းဧည့်သည်ပါ"

ရှောင်းကျန့် တကယ်စိတ်မကြည်တော့ပါ သူက ဒီအိမ်ကို ဘာလာလုပ်တာလဲ။ မနေ့ကတည်းက သတိထားမိတယ် မောင့် ကိုကြည့်နေတဲ့ အကြည့်တွေကိုတကယ်မကြိုက်ဘူး။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now