Part_10.

3.4K 227 4
                                    

ဒီနေ့ဝမ်အိမ်မှာအိပ်ဖို့ အလှည့်ပင်ဖြစ်သည်။ သူတို့စက်ဘီးနဲ့ဝင်လာတော့ ဝမ်းမားက ထမင်းစားခန်းမှာ စားဖို့တောင်ပြင်ဆင်ပြီးနေပြီ။ ရှောင်းကျန့် ဝမ်မားကိုနှုတ်ဆက်ပြီး မောင်နဲ့ အပေါ်ထပ်အခန်းသာ တက်လာခဲ့သည်။ မောင်ကသူ့ကို ကုတင်ပေါ်ထိုင်ခိုင်းကာ သူရှေ့ကနေဒူးထောက်ချထိုင်လိုက်သည်။

"မောင်...ဘာလုပ်မလို့လဲဟင်"

"အသက်...ငြိမ်ငြိမ်လေးနေမောင်လုပ်ပေးမယ်"

မောင်က သူ့ခြေထောက်ကို မ ကာခြေအိတ်ကိုသေချာချွတ်ပေးသည်။ခြေထောက်က ဒဏ်ရာက ခြေအိတ်ကိုအရမ်းဆွဲချွတ်ရင် ပွန်းမည်စိုးသောကြောင့် မောင်ချွတ်ပေးတယ်ဆိုတာ အသက် သိပါတယ်။

အာ့~

အသက် ရဲ့ဒဏ်ရာကြောင့် ရိပေါ် ခြေအိတ်ကိုချွတ်ပေးလိုက်သည်။ မျက်လုံးအဝိုင်းသားလေးနဲ့ ယုန်သွား၂ချောင်လေးက နှုတ်ခမ်းကိုကိုက်ကာ သူ့ကိုသေချာကြည့်နေတာလေးက ချစ်ဖို့ကောင်းလွန်းလို့ အသက် နဖူလေးကို သူလက်နဲ့တောက်လိုက် တော့ *အာ့ *ကနဲ့အသံလေးပင်ထွက်ပေါ်သည်။

"အသက် ရေချိုးနင့် မောင် အသက်ကို ရေချိုးခန်းကိုလိုက်ပို့မယ်နော်"

အမလေး!!!

သူကောက်ပွေ့မယ် မထင်ဘူးနဲ့တူပါတယ် အသက်ကလန့်သွားပြီး သူလည်တိုင်ကိုတောင် လက်၂ဖက်နဲ့ ဖတ်တွယ်လာသည်။အသက်မျက်နှာရဲရဲလေးက သူရင်ခွင်ထဲကပ်ထားလေတော့ ရိပေါ်ပြုံးမိပြန်သည်။ အသက်ကို ရေချိုးခန်းထဲပို့ကာ သူပြန်ထွက်လာလိုက်သည်။

ရိပေါ်အောက်ထပ်ကို ပြန်ဆင်းလာကာ မားဆီက ဆေးဘူးတောင်းရသည်။ ထမင်းမစားတော့ကြောင်းပါ ပြောခဲ့ပြီး အပေါ်သာပြန်တက်လာခဲ့သည်။အသက်ဝတ်ဖို့အဝတ်အစားကို ထုတ်ပေးထားနင့်သည်။ အသက်ရေချိုးခန်းက ထွက်လာတာနဲ့ သူလည်း ရေချိုးခန်းထဲဝင်ကာ ရေချိုးနေလိုက်သည်။

ရိပေါ်ရေချိုးပြီးထွက်လာတော့ အသက်ကို မတွေ့ တာနဲ့ အသက်မရှိသေးခင် သူရဲ့ကိုက်ခဲနေတဲ့ ခြေထောက်တွေကို ဆေးအမြန်လူးရသည်။ အသက်ကို ကျောပိုးလမ်းလျှောက်လာတာရယ် အပြန်စက်ဘီးနင်းလာတာရယ်နဲ့ ရိပေါ် ခြေထောက်ကိုက်ခဲနေပြီ။အင်္ကျီကိုအရင်မဝတ်သေးပဲ ခုံတစ်ခုကိုယူ ကာ ခြေထောက်တင်ရင်း ဆေးသာအရင်သေချာလူးနေရသည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now