Part_15.

3K 219 6
                                    

ရိပေါ် တနေကုန် အသက်ဖျားမှာစိုးလို့ အမျိုးမျိုးပြုစုနေရတယ်။အခုလည်း ကုတင်ပေါ်မှာထိုင်နေတဲ့အသက်အနားသွားကာ နောက်ကနေအသက်ကိုယ်လေးကို ခွပြီးထွေးပွေ့ဖတ်ထားရသည်။ရင်ခွင်ထဲကသူလေးက ငယ်ငယ်က တောင်းထားတဲ့ ခြင်္သေ့ရုပ်လေးကို ကိုင်ဆော့နေလေရဲ့။

"တော်ပါသေးတယ်....မောင့်အသက်မဖျားလို့"

"မောင်က....အသက်ကိုသေချာဂရုစိုက်တာကိုး ၊ အဲ့ဒါကြောင့် အသက်မဖျားပါဘူး"

ပြွတ်စ်~

နှုတ်ခမ်းလေးချွန်ကာချွန်ကာ ပြောနေတဲ့ မောင့် အသက်ရဲ့ ရုံးပတေသီးအသံလေးက အခုမှထွက်လာတော့တယ်။ ရိပေါ် ချစ်လွန်းလို့ အသက်နဖူးလေးကို အနမ်းပေးလိုက်တယ်။

"မောင်"

"ဗျာ"

"အသက်ကိုချစ်လားဟင်"

"မောင့်အချစ်တွေ....အသက်မမြင်သေးလို့ မေးနေတာလား အသက်"

"အဲ့လိုဟုတ်ပါဘူး....မောင့်ဆီက ချစ်စကားလေးတွေကြားချင်လို့ပါ ဟီးးဟီးး"

"အသက်က လေတကယ် မောင့်ရဲ့ ရုံးပတေသီးလေး ပိုပို ချွဲလာတယ်"

"ဟီးးဟီးး"

"မောင် သိပ်ချစ်တာပေါ့အသက်ရာ ၊ အသက်နဲ့ သေသည်အထိ အတူရှိသွားချင်တာ၊ အသက်က မောင့်အတွက် နိဗ္ဗာန်ဘုံလေး ။"

"အွန်း....အသက်ရောပဲ "

ဒုန်းးးးးး~~

တောက်စ်~~

သူတို့အခန်းကို ကန်ဖွင့်လာတဲ့အသံနဲ့အတူ ကျယ်လောင်တဲ့ တောက်ခေါက်သံကိုပါ ကြားလိုက်ရတယ်။ရှောင်းကျန့် ခန္ဓာကိုယ်လေး လန့်ပြီး တုန်တက်သွားမိတယ်။ ဝင်လာတဲ့ သူတွေက သူ့ပါးပါးရယ် ဦလေးကြီးတစ်ယောက်ရယ်  မားရှောင်း နဲ့ မားဝမ်။

"ရှောင်းကျန့်!!!!.....လာခဲ့စမ်း"

အာ့~~

ပါးပါးက ရုတ်တရက် အော်ဟစ်ကာ သူ့ကို ကုတင်ပေါ်က ဆောင့်ဆွဲခေါ်လိုက်တာကြောင့် ၊ လက်တောင်ပြုတ်ထွက်မတက်ပဲ နာကျင်လွန်းလို့ အသံပင်ထွက်မိသည်။

"ပါးပါး....ဘာဖြစ်တာလဲ"

"ယောကျာ်း....ကိုယ့်သားကို ဖြည်းဖြည်းလုပ်ပါ"

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now