Part_7.

3.8K 298 5
                                    

သူ့ရင်ဘက်မှာ Tattooထိုးထားတဲ့နေရာလေးကို နှုတ်ခမ်းပါးရဲရဲ လေးနဲ့ ဖွဖွလေးကပ်နမ်းနေသည့်ကျန့်ကောကို ခါးကနေပြန်ဖတ်ကာ ရိပေါ်သူကိုယ်နဲ့ ဆွဲကပ်ထားလိုက်သည်။ ကျန့်ကော အနမ်းတွေက သူ့ရင်ဘတ်တင်မဟုတ်ပဲ သူ့နှလုံးသားသွေးကြောထဲမှာပါ စိမ့်ဝင်နေသလိုပင်။ ရင်ဘတ်ကစိုလာတော့မှ သူ့လက်တစ်ဖက်က သွယ်လျတဲ့မျက်နှာလေးကို ဆွဲကိုင်မော့စေလိုက်သည်။

အသက်ရဲ့ မျက်ဝန်းက မျက်ရည်ကြည်တွေကစိုရွဲနေပြီး တုန်ရီနေတဲ့နှုတ်ခမ်းပါးလေးက ဘာလို့များဒီလောက်ထိ ငိုနေရတာလည်း အသက်ရယ်။ ရိပေါ် အသက်မျက်ဝန်းက မျက်ရည်ကြည်တွေကို လက်မ လေး သေချာဖွဖွလေးဖယ်ရှားပေးလိုက်သည်။ ငိုနေတဲ့ မျက်ဝန်းကို သူ့ရဲ့နှုတ်ခမ်းနဲ့ ကြင်နာတဲ့ အနမ်းဖိကပ်ပေးလိုက်သည်။

သူ့မျက်နှာကို လက်၂ဖက်နဲ့ အုပ်ကိုင်ကာ မျက်ဝန်းအိမ်ကို နမ်းနေရာကနေ သူ့ ရဲ့ ပါးပြင်ဆီ နှုတ်ခမ်းဖူးဖူးလေးနဲ့ ဆွဲယူနမ်းရှိုက်လာသည်။ တဖြေးဖြေးရွေ့လျားလာကာ သူ့နှုတ်ခမ်းဆီ ရောက်လာတဲ့ မောင့် ရဲ့ နှုတ်ခမ်းတွေကို လည်ပင်းကိုပြန်ဖတ်တွယ်ရင်း တစ်လွှာချင်းစုပ်ယူနမ်းရှိုက်နေမိသည်။လျှာလေးထိုးကာ ဝင်ခွင့်တောင်းနေတာမို့ ရှောင်းကျန့် နှုတ်ခမ်းလေးကို အနည်းငယ် ဟ ပေးလိုက်သည်။ မောင့်ရဲ့ ပြင်းရှရှအနမ်းတွေက သူ့ကို ရင်ဖိုစေတယ် ၊ ကြည်နူးစေတယ် ၊ ချိုမြတယ် ပြီးတော့ ....အသက် မောင့်ကို ချစ်တယ်။မနက်ကအကြောင်းက ခေါင်းထဲပြန်ဝင်လာတော့ ရှောင်းကျန့် မောင်နဲ့ မခွဲချင်ပါ ချစ်သည်...သိပ်ကိုချစ်ရသည်မို့...ကံကြမ္မာကို မရက်စက်ပါစေနဲ့ ဆုတောင်းနေမိတယ်။

ပြွှတ်~

ရိပေါ်မျက်လုံးမှိတ်ကာ အသက်ကိုနမ်းရှိုက်နေမိသည်။ အနမ်းတွေကြာရှည်လာတော့ နှုတ်ခမ်းသား၂ ခုလုံးက စိုစွတ်နေပြီ။ မှေးစင်းနေတဲ့ သူ့ မျက်လုံးတွေပြန်ဖွင့်ကြည့်တော့ အသက် မျက်ဝန်းတွေက မျက်ရည်တွေပင် စီးကျနေသည်။ နှုတ်ခမ်းသား၂ခုကို  ပြန်ခွာလိုက်တော့ စိုစွတ်နေတာကြောင့် ပြွှတ် ကနဲ ပင်အသံထွက်လာသည်။

"အသက်...ဘာလို့ ငိုနေပြန်တာလဲ"

"မောင်...အသက် ကို တနေကုန်ပစ်ထားမိလို့လား...။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now