Part_19.

3.2K 211 15
                                    

ကျစ်လော့ ခိုင်းလိုက်တဲ့ လူကဓားကို ထုတ်ကာ ရှောင်းကျန့်ကို ထိုးဖို့ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အခြေအနေကြားထဲ ရောဝင်သွားသည်။

မောင့်အသက်!!!!!

အာ့~အာ့~

ဓားနဲ့ထိုးလိုက်တဲ့သူက ရှောင်းကျန့်ကိုထိုးဖို့ပြင်လိုက်ပေမယ့် ရိပေါ်က ရှောင်းကျန့် ကိုယ်လေးကို ဆွဲလှည့်ကာ သူကဝင်ခံလိုက်တာကြောင့် ရိပေါ် ဓားထိုးခံလိုက်ရသည်။ ဓားနဲ့ထိုးတဲ့သူက လူမှားထိုးမိမှန်းသိရော ဓားကိုချကာ အမြန်ထွက်ပြေးသွားလေသည်။

အားးးး~~

"မဟုတ်ဘူး...မဟုတ်ဘူး...မောင်...မဟုတ်ဘူး"

ရှောင်းကျန့် သူကိုဖတ်ကာ ပစ်လှဲကျသွားတဲ့ မောင့်ကို ရင်ခွင်ထည့် ထွေးဖတ်ထားကာ အော်ဟစ်နေမိသည်။ မောင့်ကျောဘက်ကနေ သွေးတွေအများကြီး ထွက်နေတယ်။ရှောင်းကျန့်မြေကြီးပေါ် ထိုင်ချလိုက်ပြီး မောင်နှုတ်ခမ်းထွက်လာတဲ့ သွေးတွေကို သုတ်ပေးနေမိသည်။

"မောင်ဘာမှမဖြစ်ရဘူး...အသက်ကို ကြည့်ပါအုံး"

"အသက်ကိုချစ်တယ်ဆို....အသက်နဲ့အတူနေမယ်ဆို"

"မောင်မဟုတ်ဘူး....ဘာလို့အခုလိုထိရက်စက်ရတာလဲ"

"ဘာတွေများလုပ်မိခဲ့လို့...အခုလောက်ထိ ရက်စက်ကြတာလဲ"

"မောင် နဲ့ အသက် နဲ အတူနေသွားကြမယ်လေ"

"မောင်ထပါအုံး....အသက်ကိုဖတ်ပါအုံး"

"အာ့...မောင့်အသက်....မငိုပါနဲ့"

သူကိုဖတ်ထားကာ မျက်ရည်တွေအပြည့်အော်ဟစ်ငိုနေတဲ့ အသက်ကို ရိပေါ် ပွေ့ဖတ်ချင်ပေမယ့်  ပြန်ပွေ့မဖတ်နိုင်တော့ဘူး။ရိပေါ်လည်းအတက်နိုင်ဆုံး ကြိုးစားပြီး သူလက်ကို မ ကာငိုနေတဲ့ အသက်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး မငိုဖို့ကို အားတင်းကာ ပြောလိုက်သည်။ မျက်ဝန်းတွေ လေးလံနေခဲ့ပြီ အသက်ရယ် မောင်တို့ အတူမနေရတော့ဘူးထင်ပါရဲ့ ။သူ့မျက်လုံးတွေ အမှောင်ကျသွားခဲ့ပြီ။

ဘုတ်~

ရှောင်းကျန့် ပါးပြင်ပေါ်က ရိပေါ်ရဲ့လက်ဟာ ပြုတ်ကျသွားခဲ့ပြီ။ ရှောင်းကျနိ့ ပြုတ်ကျသွားတဲ့ လက်ကို ပြန်ဆွဲယူကာသူ့ ပါးပြင်ပေါ် ပါးနဲ့ပြန်ကပ်ထားလိုက်သည်။ မောင့်လက်ကို သူ့လက်လေးနဲ့အုပ်ကိုင်ကာ ပါးလေးနဲ့ ပွတ်နေမိသည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now