Part_16.

2.8K 236 15
                                    

"အားးးးမောင်!!!"

ရှောင်းကျန့်အိပ်ရာက လန့်နိုးလာတော့ အခန်းက သူအခန်းဖြစ်နေသည်။ မောင့် ကိုဦးဟန်ရှစ် ရိုက်လိုက်လို့ မောင်လှဲကျသွားတာကို သူနောက်ဆုံးမြင်ခဲ့ရခြင်းပင်။ အခုသူက  သူ့ရဲ့အခန်းထဲမှာဆိုတော့ မောင်ကရော။

"သားရှောင်လေး"

အီး..အင့်....ဟင့်...အင့်

"မားမား....ရိပေါ်ရော...ရိပေါ်ရောဟင်"

မနေ့ညနေက သတိမေ့နေခဲ့တဲ့ ရှောင်းလေးက အခုနေ့လည်မှပြန်သတိလည် လာခဲ့တယ်။ မျက်ရည်တွေ တလဟောစီးကျနေတဲ့ သူ့သားကို ရှောင်းမားဖတ်ထားလိုက်သည်။

"ရိပေါ်လေး..ဘာမှမဖြစ်ပါဘူး ရှိပါတယ်သား"

ရှောင်းကျန့် မားဖတ်ထားတဲ့ကိုယ်လေးကိုခွာကာ သူ့ရဲ့မျက်ရည်တွေလက်နဲ့ပွတ်ဆွဲအမြန်သုတ် လိုက်သည်။

"အဲ့ဒါဆို....သား ရိပေါ်လေးဆီသွားချင်တယ်...သွားခွင့်ပြုပါနော်"

ရှောင်းကျန့် မားမားကို ခွင့်တောင်းပြီး မျက်ရည်တွေသေချာသုတ်ကာကုတင်ပေါ်ကဆင်းမည်အလုပ်။

"ရှောင်းကျန့်ဒါက...ဘယ်လဲ"

အခန်းတွင်း ဝင်လာတဲ့ ပါးပါးအသံကြောင့် ရှောင်းကျန့်ကိုယ်လေးပင် တုန်တက်သွားခဲ့သည်။ပါးပါး ကို သူအရမ်းကြောက်တယ်။

"သား....ရိပေါ်လေးဆီသွားမလို့"

"မင်းသွားရမှာ...ဟန်ရှစ်အိမ်ကိုပဲ...သွားဖို့ပြင်ထား"

"သားမသွားဘူး...ပါးပါး"

"မင်းရိပေါ်အိမ်သွားရဲသွားကြည့်...ရိပေါ်ကို ပါးပါးသတ်ပစ်လိုက်ဖို့ဝန်မလေးဘူးနော်။ ပါးပါး အကြောင်းသိတယ်မလား"

ရှောင်းချန်ယွီ သူ့သားကိုအခုလိုခြိမ်းခြောက်ပြောဆိုမှ ငြိမ်ကျသွားသည်လေ။ ယောကျာ်းလေးဖြစ်ပြီး ဘယ်လိုစိတ်မျိုးဖြစ်နေကြမှန်း နားကိုမလည်ဘူး။သူ့မိန်းမ ယုရှန်းကိုလည်း အထုပ်အပိုးတွေ သေချာပြင်ဆင်ထည့်ခိုင်းပြီး အခန်းထဲက ထွက်ခဲ့လိုက်သည်။

____________________________
အီးးးးအင့်..ဟင့်...အင့်

"ပါးပါး....မသွားဘူးလို့... မသွားဘူး"

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now