Part_12.

3K 222 7
                                    

ရှောင်းကျန့် မောင်နဲ့အတူ အိမ်ဘက်ထွက်လာခဲ့တယ်။ အိမ်ထဲဝင်တော့ မားနဲ့ မိန်းကလေးတစ်ယောက် ဧည့်ခန်းမှာ ထိုင်စကားပြောနေကြတယ်။ သူတို့ကို ကျောပေးထိုင်နေတဲ့ မိန်းကလေးက ကျစ်လော့ ဆိုတဲ့သူပဲနေမှာ။

"မား....သားတို့လာတယ်"

ခွမ်းး~~

"အယ်...သမီးးဘယ်လိုဖြစ်တာလဲ ၊ အပူလောင်ကုန်အုံးမယ် ။"

ဘယ်လိုမိန်းကလေးလဲ coffee ခွက်ကျကွဲအောင်ထိ သူတို့ကို ဘာလို့မျက်လုံးပြူးနဲ့ ကြည့်နေရတာလဲ။မားရှောင်း အသက် ကို ခေါ်တာ ဧည့်သည်ရောက်နေလို့နေမှာ ဘယ်သူများပါလိမ့်။မားရှောင်းက အဝတ်ယူကာ သုတ်မလို့ ပြင်တော့ ရိပေါ်ဝင်လုပ်ရတော့မည်။

"မားရှောင်း...သားလုပ်ပေးမယ်"

"ရပါတယ်...ရိပေါ်လေးရဲ့ ၊ မားပဲ လုပ်လိုက်မယ်။ ကလေးတို့ ထိုင်ကြ မားမိတ်ဆက်ပေးမယ်"

ရှောင်းကျန့် နဲ့ ရိပေါ်လည်း မားတို့ထိုင်နေတဲ့နေရာနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ရှောင်းကျန့်  သတိထားမိတယ် ကျစ်လော့ဆိုတဲ့ မိန်းကလေးက ဘာလို့ မောင့်ကိုကြည့်နေတာလဲ။

"သမီး...ဒါ အန်တီသား ရှောင်းကျန့် ၊ သူ့ဘေးက ဝမ်ရိပေါ်တဲ့။"

"သားတို့....ဒါကကျစ်လော့တဲ့ နိုင်ငံခြားမှာ ကျောင်းတက်တာလေ ကျောင်းပိတ်တုန်း ခနအလည်လာတာ"

ယုရှန်းလည်း ကလေးတွေမိတ်သာဆက်ပေးနေရတာ ကိုယ့်သားအကြောင်းကိုယ်ကသိနေပြီ။ ရိပေါ်လေးကလည်း ရှိနေတော့ ရှောင်းကျန့်ကို ကျစ်လော့မိတ်ဆက်ပေးရတာ အားနာမိသလိုတောင်ဖြစ်နေရတယ်။ရိပေါ်လေးက အခုကိစ္စတွေ ဘာမှသိသေးတာမဟုတ်ဘူး။

"မား....သားလက်မခံနိုင်ဘူး လို့ပြောပြီးသားပါနော်"

စကားမပြောချင်တာနဲ့ ရှောင်းကျန့် မောင့်လက်ကိုဆွဲကိုင်ပြီး ရှောင်းအိမ်ကပြန်ထွက်လာခဲ့တယ်။ သူလည်း ဘာစကားမှမပြောသလို မောင်ကလည်း ဘာမှမမေးသေးပဲ သူခေါ်ရာနောက်သာ လိုက်နေသည်။မောင့်အခန်းထဲ ရောက်မှ ရှောင်းကျန့် မောင်နဲ့အတူကုတင်ပေါ်ထိုင်ချလိုက်သည်။ မေးစရာမေးခွန်းရှိနေတဲ့ မျက်ဝန်းတွေနဲ့ မောင်က သူ့ကိုကြည့်နေတာ သူသိတာပေါ့။ ရှောင်းကျန့် မောင့်ရင်ခွင်ထဲဝင်ကာ ခါးကနေဖတ်ထားလိုက်သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Tahanan ng mga kuwento. Tumuklas ngayon