Part_17.

2.8K 212 4
                                    

"သားဝမ်...ဘယ်သွားမလို့လဲ"

စက်ဘီးထုတ်နေတဲ့ သားကိုမြင်တော့ ဝမ်မေ့ယမ် လှမ်းမေးရသည်။သားဘယ်သွားတယ် ဘာလုပ်နေတယ်ဆိုတာ သူ့သားပဲ သူသိတာပေါ့။ ရှောင်းလေးထွက်သွားပြီးကတည်းက ရှောင်းလေးရှိမယ့်နေရာကို မနက်မိုးလင်းတာနဲ့စက်ဘီးနဲ့ ပတ်ရှာနေတော့တာ ညမိုးချုပ်မှပဲပြန်လာတော့တယ်။

သူ့သားပင်ပန်းနေပေမယ့်ကလေးတွေကိုလည်း အပြစ်မတင်ချင်ဘူး ။ရှောင်းအိမ်မှာလဲ ရှောင်းမား တစ်ယောက်ရှိတော့တာ သူကလည်း သူ့သားဘယ်မှာဆိုတာသူကိုယ်တိုင်တောင်မသိဘူးတဲ့ ။ ရှောင်းမားက ရှောင်းချန်ယွီမရှိတဲ့အချိန်တိုင်း လာလာတောင်းပန်းပါတယ် သူ့ယောကျာ်းလုပ်ရက်တွေအတွက်။

"သားဒီနား...ခနတင်ပါမား"

"အင်းပါ...ရော့..ဦးထုပ်တော့ ဆောင်းသွားအုံး ၊ အပြင်နေပူနေတယ်သား"

ရိပေါ် တစ်နေရာကို Mailပို့ပြီး မားပေးတဲ့ ဦးထုပ်ကိုယူကာ စက်ဘီးစီးထွက်လာခဲ့သည်။အသက်ကို သူလာခေါ်မယ်လို့ပြောထားပေမယ့် အသက်ဘယ်မှာရှိမှန်းမသိနေပါ။ရှောင်းမာက အသက် ...ထွက်သွားပြီးနောက်နေ့ကတည်းက သူတို့ကိုလာတောင်းပန်ပြီး အသက်ကဒီနားပတ်ဝန်းကျင်မှာတင်ရှိကြောင်းလာပြောသွားသည်။အဲ့နေ့ကစပြီး ရိပေါ် ပတ်ရှာနေခဲ့တာ အခုထိရှာမတွေ့သေးဘူး ။ပါးဝမ်ကို ရှာခိုင်းပေမယ့် ရှာမပေးတာကြောင့် သူဘာသာရှာနေရသည်လေ။

"ရိပေါ်!!!...ဘယ်လဲ"

ကျစ်မင် စာမေးပွဲဖြေရတော့မှာမို့ စာရွက်တွေလာကူးရင်း ထူးထူးဆန်းဆန်း ရိပေါ်ကိုတွေ့လိုက်ရတော့ တကယ်ပျော်မိတယ်။ ရိပေါ်နဲ့မတွေ့ရတာ ၁ပတ်တောင်ပြည့်တော့မယ်လေ ၊ သူကလည်းဖုန်းစမဆက်ရဲနဲ့။

"ကျစ်မင်...မင်းကရော ဘယ်လိုလုပ်"

ရိပေါ် အရိပ်ရတဲ့နေရာသွားပြီး စက်ဘီးကိုလမ်းဘေးချရပ်ကာ မေးလိုက်သည်။

"စာမေးပွဲဖြေရတော့မယ်လေ စာလုပ်ဖို့စာလာကူးတာ ၊ ဒါနဲ့ ရှောင်းကျန့်ရော မပါဘူးလား"

ကျစ်မင် သူပြောလိုက်မှ မျက်ရည်တွေကျလာကာ လမ်းပေါ်ထိုင်ချသွားတဲ့ ရိပေါ်ကြောင့် ကြောင်အသွားမိသည်။ ရိပေါ်မျက်နှာ သေချာကြည့်မှ အတော်ပိန်ကျသွားတာပဲ။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now