Part_30.

3.3K 222 13
                                    

ရိပေါ် သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း သူ့ရင်ခွင်ထဲက ထွက်သွားတဲ့ အသက်ကို လှမ်းကြည့်မိခိုက် အရှိန်နဲ့ တည့်တည့်ဝင်လာတဲ့ကားကို ရိပေါ်သတိထားမိသည်။ အသက်ကိုယ်လေးကို အမြန်လှမ်းဆွဲကာ တင်းကြပ်စွာဖတ်ထားမိသည်။သူ့ရင်တွေ ပေါက်ကွဲထွက်မလိုပါပဲ အသက်ရယ် ။

"တောက်....ကားဘယ်လိုမောင်းနေတာလဲ ၊ စည်းကမ်းမရှိလိုက်တာ"

လင်းဖန်က ကားကိုလှမ်းအော်ပြောလိုက်သည်။ ကားကအရှိန်တောင်မရပ်ပဲ မောင်းထွက်သွားလို့သာ ကားသာရပ်ရင် သူတကယ်ကားပေါ်က လူကိုဆွဲထိုးမိမှာ အမှန်ပဲ။ ဖုန်းရွှီကတော့ ကားနံပါတ်မှတ်ထားလိုက်သည်။ရိပေါ်လဲလန့်သွားမှာ အသေအချာပဲ ။

"ရှောင်းကျန့်....ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား"

ဖုန်းရွှီမေးမှ ရိပေါ် ဖတ်ထားတာကနေ အသက်ကိုယ်လေးကို ပြန်ခွာလိုက်ရသည်။အသက်မျက်နှာလေးကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်း။

"မောင့်အသက်.....ဘာဖြစ်သွားသေးလဲ"

စိုးရိမ်စိတ်ကြောင့် ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ရင်း အသက်မျက်နှာရော ခေါင်းတွေရော ကိုယ်လုံးလေး ပါလှည့်ပြီးထိခိုက်မိသွားသလားရှာနေမိသည်။

အင့်...ဟင့်...အင့်..အင့်...ဟင့်

"မောင်"

"အင့်...ဟင့်..အင့်...အသက်...အရမ်းလန့်သွားခဲ့တာ"

"မောင်သိတယ်...မောင်သိတယ် ...မငိုပါနဲ့တော့ မောင့်အသက် ၊ မတော်တဆ ဖြစ်တာပါနော်"

"တိတ်တော့...မောင်ရှိတယ် အသက်ဘာမှမဖြစ်စေရဘူးနော်"

ရိပေါ်တို့ညအချိန်လည်းဖြစ်တာ​နဲ့ အပြင်မှာနေဖို့မသင့်တော်တာကြောင့် တိုက်ခန်းကိုပြန်လာလိုက်သည်။ ချန်ယောင်းကို ကားမောင်းခိုင်းပြီး အနောက်ခန်းမှာထိုင်ကာ အခုထိရှိုက်ငိုနေသေးတဲ့ အသက်ကိုယ်လေးကို သာထွေးဖတ်ထားမိသည်။သူတောင် လန့်သွားခဲ့ရတာ အသက်ဆို ဘယ်လောက်တောင် လန့်သွားမလဲသူခံစားမိပါတယ်။ ရိပေါ် ကားပေါ်မှာ အသက်ကိုသာ ချော့နေရသည်။

အခန်းပြန်ရောက်တော့ ချန်ယောင်းတို့က ဘေးအခန်းကိုသွားနေကြပြီး သူ့တို့အတွက် ရှောင်ပေးတယ်ဆိုတာ သူသိပါတယ်။ ရိပေါ် အသက်ကိုယ်လေးကို ပွေ့မချီကာ အခန်းထဲ ဝင်လာလိုက်သည်။ကုတင်ပေါ် နှစ်ယောက်အတူ လှဲရင်း အသက်ကိုယ်လေးကိုဖတ်ထားလိုက်သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now