ရှောင်းမား အိမ်ရှေ့မှာ သစ်ပင်တွေ ရေလောင်းနေတုန်း အထုပ်တွေနဲ့ ဝင်လာတဲ့မိန်းကလေးကို တွေ့ရသည်။
"ဘယ်သူများလဲ ကွဲ့"
"အန်တီယုရှန်း...သမီးကျစ်လော့ပါ"
"အော်..အေးအေး..လာသမီး အိမ်ထဲအရင်ဝင်ရအောင်"
"ထိုင်အုံးသမီး....မှတ်ကိုမမှတ်မိဘူး အန်တီက သမီးငယ်ငယ်တုန်းကတောင် ခနသာမြင်ဖူးလိုက်တာ"
"ဟုတ်ကဲ့...သမီးလည်းအန်တီယုရှန်းကိုသိနေရတာက ပါးပါး ဓာတ်ပုံပြထားလို့ပါ"
"အေးကွယ်...အန်တီက သမီးတို့သားဖကို ရှောင်းပါးနဲ့မှအတူလာကြမယ်ထင်နေတာ"
"သမီးက စာမေးပွဲမဖြေခင်ကျောင်းခနပိတ်တုန်း အရင်ထွက်လာလိုက်တာ"
"ရှောင်းကျန့်လေးက ကျောင်းသွားတယ်သမီး ၊ သမီးနားဖို့ အန်တီ အခန်းလိုက်ပြမယ်လိုက်ခဲ့"
ကျစ်လော့ အိမ်ကိုပတ်ကြည့်တော့ မဆိုးပါဘူး ။ အန်တီယုရှန်းက သူနားဖို့အခန်းပြခဲ့ကာ အောက်ပြန်ဆင်သွားလေသည်။ သူအခန်းထဲပစ္စည်းတွေ ချပြီး တခြားနေရာတွေ ပတ်ကြည့်နေလိုက်တယ်။အန်တီယုရှန်းက သူ့သားအတွက် သူ့ကိုသဘောကျနေတယ်ထင်ပါ ရဲ့ ဒါပေမယ့် ကျစ်လော့ကတော့ ဒီစေ့စပ်ပွဲကို ငြင်းမှာ အမှန်ပင်။သူ့ရဲ့ရင်ခုန်သံ အချစ်ကိုရှာတွေ့ခဲ့ပြီလေ။အခန်းတွေ လျှောက်ကြည့်နေရင်း တံခါးမှာ ယုန်အရုပ် နဲ့ ခြင်္သေ့ အရုပ်ကပ်ထားတဲ့အခန်းကို သူ့တွေ့လိုက်ရသည်။ကလေးဆန်တဲ့ အပြုအမူကြောင့် သူတောင်ပြုံးမိပြီး အောက်ထပ်ကိုသာဆင်းလာခဲ့သည်။
"သမီကျစ်လော့..ထမင်းစားပြီးပြီလား "
ကျစ်လော့ခေါင်းညိမ့်ပြပြီး အန်တီယုရှန်းကိုကြည့်တော့ ထမင်းပွဲပြင်နေသည်။ ထမင်းစားတော့မလို့ထင်ပါရဲ့ ။
"သားရှောင်းတို့တောင် ပြန်ရောက်နေပြီ"
"သမီးအပေါ်က ဆင်းလာတာ မတွေ့မိဘူး အန်တီယုရှန်း"
ရှောင်းမား ကျစ်လော့စကားကြောင့် ကလေး၂ယောက်ကို တွေးမိတော့ ထမင်းပွဲ ပြင်ရင်း ပြုံးလိုက်မိတယ် ။
YOU ARE READING
♡︎Someone Like You♥︎{မောင့်လိုလူ}
Fanfictionအသက်ရယ် အသက်ကိုသိပ်ချစ်တဲ့ မောင်ရယ် တစ်နေ့တော့ အတူနေကြမယ်... Zawgyi အသက်ရယ် အသက်ကို သိပ်ချစ်တဲ့ မောင်ရယ် တစ်နေ့တော့အတူနေကြမယ်