Part_18.

2.9K 198 3
                                    

သူတို့ပုန်းနေတဲ့နား လာရှာတဲ့သူတွေ ပြန်ထွက်သွားမှ ကျစ်မင် ရိပေါ်ရဲ့ပါးစပ်ကိုအုပ်ထားတာကနေ လွှတ်ပေးလိုက်သည်။ရိပေါ် သူ့ နှုတ်ခမ်းသူ ပြန်ကိုက်ထားလို့ စီးကျနေတဲ့သွေးတွေကို ကျစ်မင်ပါလာတဲ့ ပုဝါနဲ့ သုတ်ပေးလိုက်သည်။မင်းရဲ့ အခုလိုပုံစံ ငါမမြင်ချင်ဘူး ရိပေါ်။

"ရိပေါ်...ရှောင်းကျန့်ကို ခေါ်ထုတ်ဖို့ အစီအစဥ်လေးတော့ ဆွဲရမယ် ၊ မင်းငါ့အိမ်ကို အရင်လိုက်ခဲ့"

ရိပေါ်ခေါင်းညိမ့်ပြပြီး အသက်အခန်းကိုကြည့်ကာ ပြန်ထွက်လာခဲ့ကြသည်။ ကျစ်မင် အိမ် နဲ့ အသက်ရှိတဲ့နေရာနဲ့က သိပ်မဝေးဘူး။ ရိပေါ် အိမ်ကို ဒီညပြန်မလာနိုင်ကြောင်း ဖုန်းဆက်အကြောင်းကြားလိုက်သည်။

____________________________

"မေ့ယမ်...သားဆက်တာလား"

"ဟုတ်တယ်..ဒီညသူငယ်ချင်းအိမ် မှာအိပ်မလို့တဲ့"

"မေ့ယမ်...ကိုယ်တို့မှာ ဒီသားတစ်ယောက်ရှိတာ မင်းဂရုစိုက်ပေးပါအုံး ၊ကိုယ် ဒီဘက်က အလုပ်တွေလက်စဖျက်နေတယ် ၊ ကိုယ်တို့ သားကိုခေါ်ပြီး နိုင်ငံခြားမှာပဲ အခြေချရအောင်နော်"

"အင်းပါ...အဲ့လိုလုပ်ကြတာပေါ့"

____________________________

"ပါးပါး...သမီးပြောပြီးပြီ ရှောင်းကျန့်ကို လက်မခံနိုင်ဘူးလို့"

"ကျစ်လော့...နင်ဘာဖြစ်နေတာလဲ ၊ ရှောင်းကျန့်ကို ရရင်ပါးပါးတို့ချမ်းသာတော့မှာလေ"

"သမီး...ရှောင်းကျန့်ကို မချစ်ဘူး ဒီစေ့စပ်ပွဲလက်မခံဘူး"

"ဘာစကားမှ ထပ်မပြောနဲ့ အခုညချက်ချင်း flightနဲ့ လာခဲ့..ဒါပဲ"

အားးးး~

ခွမ်းး

ကျစ်လော့ ဖုန်းကိုချပြီး နံရံပေါ်ကိုဘေးနားကပန်းအိုးနဲ့ လွှဲပစ်ပေါက်လိုက်သည်။ ပါးပါးကိုလည်း မုန်းတယ် ရှောင်းကျန့်ကိုလည်း မုန်းတယ်။

တစ်ယောက်ထဲနေတဲ့ အခန်းထဲမှာကျစ်လော့အော်ဟစ်ကာ ရေရွတ်နေလိုက်သည်။

____________________________

"ရိပေါ် အလုပ်ဖြစ်ပါ့မလား"

ညကတိုင်ပင်ထားတဲ့ ကိစ္စကို အခုမနက်ကအစ ကောင်အထည်ဖော်နေရပြီ။ကျစ်မင် မျက်ခုံးတော့ ခပ်လှုပ်လှုပ် ရယ်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now