Part_4.

4.9K 447 9
                                    

ရိပေါမျက်ရည်တွေသုတ်ပြီး လက်ကစီးကျနေတဲ့ သွေးတွေကို လျစ်လျုရှုကာ အောက်ထပ်အမြန်ပြန်ဆင်းလာလိုက်သည်။

အမလေး!!!!

"သားဝမ်လေး...လက်က ဘာဖြစ်တာလဲ ၊သွေးတွေထွက်နေပြီ ဆေးထည့်ရမယ်သား ။သားနေအုံး....မားဆေးအိတ်သွားယူအုံးမယ် ဘယ်လိုဖြစ်ရတာလဲကွယ် "

"သားရတယ်မားမား ဘာမှမဖြစ်ဘူး ၊ သား...ကျန့်ကောကို သွားစောင့်နေလိုက်အုံးမယ်"

ဝမ်မေ့ယမ် လှေကားက ဝုန်းဒိုင်းကြဲပြန်ဆင်လာတဲ့သူ့သားကိုကြည့်မိတော့ မျက်လုံးတွေ ရဲနေကာ လက်ကလည်း သွေးထွက်နေသည်။ဒါ ဘာကြောင့် ဘာဖြစ်ရလဲဆိုတာ ဝမ်မေ့ယမ် သူသိပါတယ်။ဒီကလေးတွေ ကတော့ နားကိုမလည်တော့ဘူး။ရှောင်းအိမ်ဘက်ထွက်သွားတဲ့သူ့သားကိုကြည့်ရင်း ခေါင်းခါမိသည်။

"မားရှောင်း...ကျန့်ကောရောဟင်"

ရိပေါ် ကျန့်ကောအိမ်ဘက် ထွက်လာတော့ ရှောင်းမားကိုတွေ့သည်။သူအမြန်ပြေးသွားကာ ကျန့်ကောကိုမေးလိုက်ရသည်။ သူတွေ့ချင်နေပြီလေ။

"အယ်..သားဝမ်လေး ၊ ရှောင်းလေးက သူ့အဖေနဲ့ ဆေးခန်းသွားတာ မားရှောင်းကလိုက်မသွားဘူး။ "

"သားပြန်လာတုန်းက အိမ်တံခါးက သော့မခတ်ထားပါဘူးလို့ သားအပေါ်တပ်ပြီး ကျန့်ကောကိုရှာမိသေးတယ်"

"ရိုးရိုးနေမကောင်းဖြစ်တာမို့ သူ့အဖေကလိုက်ပို့တယ်"

"ဘယ်ဆေးခန်းလဲဟင် မား...သားလိုက်သွားချင်လို့"

"လိုက်သွားမနေနဲ့တော့ ပြန်လာနေကြပြီတဲ့ ဖုန်းဆက်တယ်"

"သားဝမ်လေး လက်ကဘာဖြစ်တာလဲ ၊ လာ..လာမား ဆေးထည့်ပေးမယ်"

"ရတယ်မား...သားဘာမှမဖြစ်ဘူး။ ကျန့်ကောကိုပဲ အိမ်ပေါက်က စောင့်နေလိုက်မယ်"

"မိုးချုပ်နေပြီ သားရဲ့ အိမ်ထဲကစောင့်ပါလား"

"ရပါတယ်မား...သားကျန့်ကော ကိုစိတ်ပူလို့ပါ"

____________________________
ရိပေါ် ရှောင်းအိမ်ရဲ့ အိမ်ရှေ့မှာပဲ ရပ်စောင့်နေလိုက်သည်။ ရာသီဥတုက နည်းနည်းအေးလာသော်လည်းသူဂရုမစိုက်နိုင်ပါ ။ သိပ်ပင်မစောင့်လိုက်ရပါ သူမျက်နှာကိုကားမီး စူးလာတာကြောင့် ကားရပ်မယ့်အနား အမြန်ပြေးသွားလိုက်သည်။ ကားရပ်တာနဲ့ ကားထဲကထွက်လာတဲ့ သူ့ကျန့်ကောက အနက်ရောင်ဆွယ်တာအင်္ကျီ နဲ့ ဆွယ်တာဦးထုပ်လေးနဲ့ ချစ်စရာသိပ်ကောင်းနေသည်။

♡︎Someone Like You♥︎{မောင့်လိုလူ} حيث تعيش القصص. اكتشف الآن