Part_24.

3K 230 14
                                    

"ဖုန်းရွှီ နဲ့ ချန်ယောင်း ရေအမြန်ချိုးထား ငါ့ပါးပါးက အလုပ်ကပြန် သူအိမ်ကိုသွားဖို့ ဝင်ခေါ်မယ်တဲ့"

"ငါတို့က ရေချိုးတာမြန်ပါတယ် အဆင်သင့်ပဲ။"

ရိပေါ်တို့လည်း ပြင်ဆင်ပြီးတဲ့အချိန်အထိ  ပါးပါးမလာသေးတာကြောင့် ဧည့်ခန်းက ဆိုဖာ ခုံပေါ်ထိုင်ပြီး ၃ယောက်ပေါင်း ဂိမ်းပြိုင်ဆော့ကာ ပါးပါးကိုစောင့်နေလိုက်သည်။ဂိမ်၃ပွဲလောက်ဆော့အပြီး ပါးပါးရောင်လာတာနဲ့ ဆော့လက်စကိုဖျက်ကာ ပါးပါးနဲ့အတူ ထွက်လာခဲ့သည်။ချန်ယောင်းကတော့ ရိပေါ် ပါးအိမ်ကနေ အပြန် လျှောက်လည်ရအောင်ပြီး ရိုစ့်ကိုတောင် ကြိုတင်ဖုန်းဆက်ထားပြီးလေပြီ။

ပါးပါးက ကာမောင်းပြီး ရိပေါ်က ပါးပါးဘေးခုံမှာ ထိုင်လေသည်။ ဖုန်းရွှီ နဲ့ ချန်ယောင်းကတော့ ကားအနောက်ခုံမှာထိုင်ကြပြီး မပြီးပျက်နိုင်တဲ့ ဂိမ်းအကြောင်းသာ ဆွေးနွေးနေကြသည်။ရိပေါ် ဘေးဘက်ကကားမှန်လေးချကာ ခေါင်းလေးမှီရင်း မျက်လုံးမှိတ်ကာ လိုက်ပ့ါလာခဲ့သည်။ မကြာပါ ပါးပါးရဲ့ ရောက်တော့မယ်ဆိုတဲ့ စကားအသံကြောင့် ရိပေါ် မျက်လုံးဖွင့်ကာ အပြင်ဘက်ကြည့်မိသည်။ပါးပါး တို့အိမ်ဘက်က လူနည်းနည်းရှင်းပြီး စိတ်ငြိမ်ရပ်ကွက်လိုမျိုး ဖြစ်သည်။ရိပေါ် ခြံဝန်းတစ်ခုအရှေ့ကအဖြတ် ၂ထပ်အိမ်ကြီးကို မျက်လုံးကသေချာကြည့်မိသွားသည်။ ကားကတဖြည်းဖြည်းရွေ့ကာ အဲ့ဒီအိမ်ကိုလွန်လာတော့ ရိပေါ် ကားအပြင်ဘက် ခေါင်းထွက်ကာ နောက်လှည့်သေချာကြည့်မိသည်။

"ဘာဖြစ်လို့လဲ....သား"

ကျစ်မင်း ကားမောင်းနေရင် သူဖြတ်မောင်းလာရမယ့် အိမ်တစ်အိမ်အရှေ့ရောက်တော့ သားကိုသေချာအာရုံစိုက်အကဲခတ်ကြည့်နေမိသည်။ သားရိပေါ်က အဲ့ဒီအိမ်ကို တွေ့တာနဲ့ သေချာကြည့်နေကာ မျက်ဝန်းကနေ မျက်ရည်တွေတောင်ဝေ့သီလာတာ သူမြင်လိုက်သည်။ကျစ်မင် ကားကိုအရှိန်တက်ကာ မောင်းလိုက်တော့ သားရိပေါ်လေးရဲ့ ခေါင်းက ကားဘေး ဘက်အပေါက်ကနေ ခေါင်းထွက်ကာ  အိမ်ကြီးကိုသာ အကြည့်မခွာဖြစ်နေသည်လေ။

"ဘာမှမဖြစ်ပါဘူး....ပါးပါး ၊  ဒါနဲ့ ခုနက အိမ်ကြီးက ဘယ်သူနေတာလဲ"

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now