Part_5.

4.8K 355 6
                                    

"မောင်...မောင့် လက်ကဘယ်လိုဖြစ်တာလည်းဟင်"

ရင်ခွင်ထဲက အသက်ကလေးက မအိပ်သေးပဲ သူ့လက်ကိုဆွဲယူကာ ကိုင်ကြည့်ပြီးမေးနေပြန်ပြီ။ အသက်က မသိရမချင်း အိပ်မည့်ပုံမပေါ်။

"ဒါကလား...မောင်အပြင်ကပြန်အလာ..အသက်ကိုမတွေ့တော့ မောင်ဘယ်လောက်စိတ်ပူသွားခဲ့ရလဲ။ မားမား မေးကြည့်မှ အသက်ဖျားနေတာ နေ့လည်ကတည်းက တဲ့ မောင်ဂရုမစိုက်မိလို့ အသက်ဖျားတာတောင်မောင်မသိလိုက်ဘူး"

"အဲ့ဒါကြောင့်...အဲ့ဒါကြောင့် မောင့် ကိုယ်မောင်အပြစ်ပေးလိုက်တာ"

အသက်က ခေါင်းပင်ဖော်မလာပဲလူ့လက်ကိုသာ ကြည့်နေသည်။ ရိပေါ် အသက်ရဲ့ မျက်နှာသွယ်သွယ်လေးကို မေးဖျားကဆွဲယူမော့စေတော့ အသက်ရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ။

"အသက် ကြောင့် မဟုတ်ဘူးလေ ။မငိုပါနဲ့ နော်"

"မောင်ထားခဲ့မှာကြောက်နေခဲ့တာ အင့်...အင့်.."

"မောင်က အသက်နားထာဝရ တစ်သက်လုံး ရှိနေတော့မှာ။ အသက်နဲ့ ဝေးရာ မောင်နေရင် မောင်သေသွားမှာပေါ့"

သူပြောတော့မှ အသက်က သူ့ခါးကို လက်ရှိုကာ ဖတ်တွယ်လာပြီး ရင်ခွင်ထဲပိုသာတိုးနေလေသည်။ တစ်ချက်ချက် သူ့ရင်ဘက်ကို ခိုးနမ်းနေတဲ့ အသက်ကို မသိချက်ယောင်ဆောင်ကာ အသက် နဖူးလေးကို တုံ့ပြန်အနမ်းတွေ ပေးနေလိုက်သည်။

ငယ်ငယ်ကတည်းက ၂ယောက်အတူအိပ်ခဲ့ကြပေမယ့် ဒီနေ့မောင်နဲ့အတူအိပ်ရတဲ့ ခံစားချက်လေးက အသက်အတွက် ပျော်တယ် ရင်ခုန်တယ် နွေးထွေးတယ် ပြီးတော့.....မောင့်ကို ချစ်တယ်။

____________________________

မနက်မိုးလင်းတော့ ချစ်ရသူနဲ့အတူနိုးထရတဲ့ ခံစားချက်လေးက တကယ်ပင်နွေးထွေးစေတယ်။ အသက် ရဲ့မျက်နှာတခြမ်းကို လက်တစ်ဖက်နဲ့ အုပ်ကိုင်ပြီးကြည့်နေမိသည်။ အသက် က ငယ်ငယ်ကတည်းက ယုန်သွားလေးမို့ သူခင်တွယ်ချစ်ခဲ့ရသည်။ အခုကြီးတော့ မျက်တောင်ကော့ကော့ နှာတံစင်းစင်း နှုတ်ခမ်းရဲရဲ လေးနဲ့ အသက်က တကယ်ကို အေးမြစေတယ်။ရိပေါ် ကုတင်ပေါ်ကနေ ဖွဖွလေးဆင်းကာ ဖုန်းသွားယူပြီးဓာတ်ပုံရိုက်ထားလိုက်သည်။အသက်က သိပ်မြတ်နိုးစရာကောင်းသည်။ နာရီကြည့်တော့ အခုမှ မနက်၅နာရီပင်ရှိသေးသည်။ ရိပေါ်ကုတင်ပေါ်ပြန်တက်ကာ အသက် ကိုယ်လေးကို ဖတ်ထားလိုက်သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now