Part_27.

3.7K 270 26
                                    

0810 အခန်းက ဧည့်ခန်းထဲမှာတော့ ဖုန်းရွှီ နဲ့ လင်းဖန် က တစ်ဖက်ခြမ်း ထိုင်  ပြီး ချန်းယောင်းက အလယ်ထိပ်ဆုံးခုံမှာထိုင်သည်။ ရိပေါ်  နဲ့ ရှောင်းကျန့်က တစ်ဖက်ခြမ်း ထိုင်နေပြီး ရှောင်းကျန့်ဆီက သိချင်နေကြတဲ့ အကြောင်းအရာကိုနားထောင်ဖို့ ငြိမ်သက်စွာနားစွန့်နေကြသည်။တိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းထဲမှာ air-con လေထွက်သံလေးကပိုကျယ်နေသလိုပင်။

ရှောင်းကျန့် စကားမစခင် မောင့် လက်ဖဝါးကြီးထဲ သူလက်ဖဝါးကို ယှက်ကာ အရင်ဆုတ်ကိုင်လိုက်သည်။နာကျင်စရာကောင်းတဲ့ ဘဝတစ်ခုကိုတစ်ဖန်ပြောပြဖို့သူ့အတွက်ခွန်းအား နဲ့ သတ္တိ တစ်ခုလိုအပ်လို့ပါ။ဘေးက မောင့်အနားကို နည်းနည်းတိုးကပ်ထိုင်လိုက်ပြီး ရှောင်းကျန့်အတိတ်ကိုသွားဖို့ သူ့မျက်လုံးတွေမှိတ်ချလိုက်သည်။ကလေးဘဝကအစ တခါမှမခွဲဖူးတာတွေ ဘယ်လို ချစ်ရေးဆိုခဲ့ကြတာတွေ တစ်ယောက်က တစ်ယောက်အပေါ် ဘယ်လိုချစ်ခဲ့တာတွေ ဘယ်လို ကာကွယ်ပေးခဲ့တာကနေ သူတို့ပါးပါးကြောင့် ဖြစ်ပျက်ခဲ့သမျှ ဇာတ်လမ်းကို အစအဆုံးပြောပြလိုက်တယ်။

သူ့လက်ကိုဆုတ်ကိုင်ကာ မျက်လုံးမှိတ်ပြောနေတဲ့သူလေးရဲ့ မျက်နှာကို ရိပေါ် သေချာကြည့်နေမိသည်။ စ စပြောချင်း ပြုံးနေတဲ့ ရုံးပတေသီးလေးက တကယ်မြတ်နိုးဖွယ်ရာ ။ တစ်ဖြည်းဖြည်းမျက်ရည်ကျလာတဲ့ ရုံးပတေသီးလေးကို ကြည့်ရင်း ရိပေါ် ခေါင်းထဲပေါ်လာတဲ့ ပုံရိပ်တွေ တခါတခါ မြင်ရတာမှန်ပေမယ့် အခုလောက်ထိ မထင်ရှားခဲ့ ရိပေါ် ခေါင်းကို ခါရမ်းလိုက်မိသည်။ရုံးပတေးသီး စကားထဲမှာပါတဲ့ ချစ်သက်ဆောင်အနေနဲ့  အသက် ဆိုတဲ့ Tattoo ထိုးခဲ့သည်တဲ့။ သူ့ရင်ဘတ်မှာ အခုထိ အဲ့လို Tattoo ပါလာခဲ့သည်။ ရုံးပတေသီးလေး ပြောနေတဲ့စကားနဲ့ ရိပေါ် အိမ်မက်လိုမျိုးမြင်ယောင်ဖူးတဲ့ ဝါးတားတားပုံရိပ်တွေက တူညီနေတာ သူ့အံသြမိသည်။ရုံးပတေသီးပြောနေတဲ့အထဲ တစ်ယောက်က တစ်ယောက်ကို ကာကွယ်ပေးရင်းသေသွားရပြီး နောက်တစ်ယောက်ကတော့ ရင်ကွဲနာ ကျသေလေသည်တဲ့။ ရိပေါ် အဲ့စကားကြားလိုက်ရချိန် ရင်ဘတ်ကိုအမြန်လက်နဲ့ဖိကာ ခေါင်းငုံ့လိုက်ရသည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now