Part_23.

2.9K 222 15
                                    

"ကလေးတို့....ပါလာတဲ့ပစ္စည်းတွေ သေချာစုံရဲ့လားစစ်အုံး"

"ဟုတ်...စုံပါတယ် ဦးလေး"

"ဖုန်းရွှီ.....နောက်ဆုံးတော့ ငါတရုတ်ပြည်ကို ခြေချဖူးပြီ။"

ချန်းယောင်း ဖုန်းရွှီပုခုံးကို တိုက်ကာ ပြောလိုက်သည်။သူက တရုတ်စပ်ဖြစ်ပေမယ့် တခါမှ တရုတ်ကိုမရောက်ဖူးတော့ တကယ်သွားချင်နေခဲ့တာ။အခုတော့....ဆန္ဒလေးပြည့်ပြီ။

ရိပေါ် တရုတ်ပြည်ကို လေယာဥ်ဆိုက်တာနဲ့ လွမ်းသလို ဝမ်နည်းစရာကောင်းတဲ့ ခံစားချက်မျိုး  သူ့ရင်ထဲလှိုက်ဖိုလာခဲ့တယ်။ ဘေးပတ်ဝန်းကျင် ကိုသူကြည့်ပေမယ့် ကိုယ်ဆီသွားလာနေကြတာ ဘာမှဝမ်းနည်းစေမယ့် အရာမတွေ့။ ဘယ်အရာကများ သူ့ကို ဒီခံစားချက်မျိုးဖြစ်ပေါ်ရတာလဲ။

"သားရော့.....သားတို့တည်းဖို့တိုက်ခန်းသော့ ၊ ပါးပါးတို့သွားနှင့်မယ် ။ ပါးပါး လုပ်ငန်းပြီးရင် အိမ်သွားဖို့ ပါးပါးပြန်လာခေါ်မယ် ၊ ပါးပါး သားကိုမှာခဲ့တဲ့စကား မမေ့ပါနဲ့။"

ရိပေါ် ပါးပါးကို ခေါင်းညိမ့်ပြလိုက်သည်။မနေ့ကတည်းက ယောကျာ်းလေးတွေဆိုတော့ ပါးပါးတို့အိမ်မှာ မနေချင်လို့ တိုက်ခန်းသပ်သပ်ငှားပေးဖို့ ပြောပေမယ့် ၊ ပါးပါးက သူ့အပိုင်တိုက်ခန်းရှိတယ်ဆိုကာ အဲ့တိုက်ခန်းနေဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

"ရိပေါ်...ငါက ငါ့အဒေါ်ကလာခေါ်မှာတဲ့"

"ရိုစ့်..နင်က....ဒီမှာအမျိုးရှိတာလား"

"အေးဟ...ငါ့အဒေါ်ရှိတာ"

"ကောင်းပါတယ်...မိန်းကလေးဆိုတော့ ငါကနင့်အတွက်တိုက်ခန်းသပ်သပ်ငှားပေးမလို့ လုပ်နေတာ။ အဆင်ပြေသွားတာပေါ့ ငါတို့လည်ပတ်သွားစရာရှိတာနဲ့နင့်ကို ဖုန်းဆက်လိုက်မယ်။ "

"ရိုစ့် ငါတို့ နင့်အဒေါ်လာခေါ်မယ်အချိန်ထိ ကူစောင့်ပေးမယ်လေ။"

ချန်းယောင် စကားကို ရိပေါ်တို့လည်း ထောက်ခံခေါင်းညိမ့်ပြလိုက်သည်။ပါးပါးတို့က အရင်သွားနှင့်တာကြောင့် ရိပေါ်တို့ သူငယ်ချင်း၄ယောက်သာ ရှိတော့သည်။

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now