Extra...

1.9K 156 2
                                    

ရိပေါ် အိပ်ရာနိုးနေပေမယ့် သူ့အရှေ့က လူသားလေးကို အကြည့်မလွဲနိုင်ဘူး သူ့လက်မောင်းတစ်ဖက်ပေါ် ပါးလေးတခြမ်းဖိကပ်အိပ်နေတဲ့ အသက်က နှုတ်ခမ်းလေးကို ထော်လို့ မောင့်အသက်က အရင်က ထက် တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလွန်းလာတယ်။

မောင်တော့ အသက်ဆိုတဲ့ ဒီနှောင်ကြိုးလေးကို မောင့်နှလုံးသားနဲ့ တစ်ရစ်ပြီး တစ်ရစ် ရစ်ပတ်ချည်နှောင်ချင်မိပါရဲ့။ချစ်တဲ့....မောင့်အသက်။

ရိပေါ် အိပ်ပျော်နေတဲ့ အသက်နဖူးလေးထက် အနမ်းဖွဖွလေးပေးလိုက်တယ် မြတ်နိုးခြင်းအနမ်းလေးတစ်ပွင့်။ပြုံးယောင်သန်းလာတာတဲ့ နှုတ်ခမ်းလေးနဲ့ အသက်က အိပ်ချင်ယောင်ဆောင်နေသူလေး။ရိပေါ် လည်းထပ်တူပြုံးကာ မနက်ခင်းရဲ့ ကျေးငှက်တွေထက် သာယာတဲ့သံစဥ်တစ်ခုဖော်ဆောင်ဖို့ကြံရွယ်လိုက်တယ်။

"မောင့်အသက်က...နိုးနေတာ မထပဲ အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့...ဟုတ်လား"

"ခ်ခ်...ဟီးးဟီးးယားတယ်...ခ်ခ်..မောင့်လို့..ယားတယ်ရော"

ရိပေါ် အသက်ခါးလေးကိုကလိယားထိုးတော့ အိပ်ရာထက်လွန့်လူးကာ တစ်ခစ်ခစ် နဲ့ရယ်နေတာများ မြတ်နိုးလိုက်တာ မောင့်အသက်ရာ။

ရိပေါ် အသက်ကိုဆွဲပွေ့ယူကာ သူ့ဗိုက်ပေါ်ကားယားလေး ခွစေပြီး အပေါ်ကနေ ဝမ်လျားမှောက်အိပ်စေလိုက်တယ်။ရိပေါ် အသက်ခါးကနေသိုင်းဖတ်ထားလိုက်တယ်။

မောင့်အသက် နဲ့ မောင်က သဘာဝကိုလွန်ဆန်တာမှန်ပေမယ့် ယောကျာ်းတွေကိုသဘောကျတဲ့သူမဟုတ်ပဲ မောင်ချစ်တဲ့အသက်က ယောကျာ်းလေးဖြစ်နေတာရယ် အသက်ချစ်တဲ့ မောင်က ယောကျာ်း လေးဖြစ်နေတာပါပဲ။

"မောင်...အိပ်ရာထသေးဘူးလား လျှောက်လည်ကြမယ်လေ"

"မောင့်အသက်ကို ထွေးဖတ်ထားချင်တာ ဘယ်မှသွားချင်ဘူး"

ဟွန့်!!!

အသက်ဆီက နှာမှုတ်သံကြားမှ ရိပေါ် အသက်မျက်နှာလေးကိုကြည့်လိုက်တယ်။မျက်နှာကစူပုတ်ပြီ ထော်လန်နေတာပဲ နှုတ်ခမ်းကြီးက။သူ့ကိုတောင်မကြည့်တော့ပဲ ခေါင်းက သူနဲ့ဆန့်ကျင်ဘက်ကိုစောင်းထားလိုက်သေး။

You've reached the end of published parts.

⏰ Last updated: Sep 20, 2023 ⏰

Add this story to your Library to get notified about new parts!

♡︎Someone Like You♥︎{မောင့်လိုလူ} Where stories live. Discover now